မြန်မာနိုင်ငံတဝှမ်း ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပြီ

အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို လက်ဆောင်အဖြစ်ပေးအပ်လိုက်တဲ့ အိန္ဒိယနိုင်ငံထုတ် COVISHIELD ကိုဗစ်ကာကွယ်ဆေး အလုံးပေါင်း ၁ သန်းကျော်ကို မြန်မာနိုင်ငံအနှံဖြန့်ဝေပြီး ဇန်နဝါရီလ ၂၇ ရက်နေ့မှာတော့ ပထမအသုတ်အဖြစ် မြို့ကြီးများတွင် ရှေ့တန်းကနေ ကိုဗစ်ကိုတိုက်ဖျက်နေကြတဲ့ ဆေးဝန်ထမ်းများကို စတင်ထိုးနှံနေကြပါပြီ။

ဓာတ်ပုံ – Department of Public Health Kachin State

ကချင်ပြည်နယ်မှာလည်း ပထမဦးဆုံးအသုတ်အဖြင့် ရန်ကုန်ကနေ ဇန်နဝါရီ ၂၆ ရက်နေ့က ရောက်ရှိလာတဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဝိုင်းမော်၊ ချီဖွေ၊ ဆော့လော်၊ ပူတာအို၊နောင်မွန်း၊ ခေါင်လန်ဖူး၊ မချမ်းဘော၊ ဆွမ်ပရာဘွမ်မြို့နယ်များကို တပြိုင်နက်တည်းပေးပို့ခဲ့ကာ တနိုင်း၊ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်၊ ဗန်းမော်၊ ရွှေကူ၊ မိုးမောက်၊ မံစီမြို့နယ်များကိုတော့ ၂၇ ရက်နေ့က ဖြန့်ဝေပေးခဲ့ပြီဖြစ်ပါတယ်။

နိုင်ငံတဝှမ်းစတင်ထိုးနှံပြီဖြစ်တဲ့ ကိုဗစ်ကာကွယ်ဆေးကို ကချင်ပြည်နယ်မှာတော့ အများနည်းတူ ဝိုင်းမော်နဲ့ချီဖွေမြို့နယ်မှာ စတင်ထိုးနှံပေးခဲ့ကာ ယခုရောက်ရှိတဲ့ ကာကွယ်ဆေးများကို ကျန်းမာရေးဌာနလက်အောက်ရှိ ဝန်ထမ်းများကို ထိုးနှံပေးသွားမှာပဲ ဖြစ်ပါတယ်။

ယနေ့တွင် စတင်ထိုးနှံခြင်းမပြုသေးပဲ ဖြန့်ဝေထားပြီဖြစ်တဲ့ မြို့နယ်များကို ဇန်နဝါရီ ၂၈ ရက်နေ့မှ စတင်ပြီး ထိုးနှံပေးသွားမှာဖြစ်ကြောင်း ကချင်ပြည်နယ် ကျန်းမာရေးဌာနကထုတ်ပြန်ထားပါတယ်။

Leave a Reply

*