မြန်မာနိုင်ငံကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌတာဝန် လွဲပြောင်းခြင်းအခမ်းအနားလုပ်ဆောင်

မြန်မာနိုင်ငံကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌတာဝန်ကို လာမည့်သက်တမ်းအတွင်း ဇိုင်ဝါမျိုးနွယ်စုမှ ဆက်လက်တာဝန်ယူ ဦးဆောင်သွားဖို့ အသင်းရုံးခန်းမှာ ဇွန်လ ၁၉ ရက်နေ့က လွဲပြောင်း လက်ခံရယူခြင်း ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။ အသင်း ဥက္ကဋ္ဌတာဝန်ကို ကချင်လူမျိုးထဲမှ မျိုးနွယ်စု တစ်ခုချင်းစီက သက်တမ်းတစ်ခုစီ အလှည့်ကျတာဝန်ယူ ဦးဆောင်သွားဖို့ အစီအစဉ်ထဲက ၂၀၂၀ – ၂၀၂၃ ခုနှစ်အတွက် ဇိုင်ဝါမျိုးနွယ်စုထဲမှ ဒူဝါ လချာမ်း လနူးက တာဝန်ယူသွားမှာဖြစ်ပါတယ်။ တာဝန်လွဲပြောင်းခြင်းအခမ်းအနားမှာ အသင်းတာဝန်ကို ယခင်သက်တမ်းကို တာဝန်ယူထမ်းဆောင်ခဲ့တဲ့ ရဝမ်မျိုးနွယ်စုမှ ဒူဝါထုန်ဖုဒါဂွန်းကနေပြီး ကချင်လူမျိုးတွေထဲက မျိုးနွယ်စုတစ်ခုခုက ဦးဆောင်ဦးရွက်ပြုရင် အားလုံးအတူတကွညီညွတ်စွာဖြင့် အမျိုးသားရေးလုပ်ငန်းများတွင် ပါဝင်သွားကြဖို့ ခွန်အားပေးပြောဆိုခဲ့ပါတယ်။ ဇိုင်ဝါမျိုးနွယ်စုအနေဖြင့် ၂၀၂၀ ခုနှစ်မှစတင်ပြီး အသင်း ဥက္ကဋ္ဌတာဝန်ကို ဦးဆောင်တာဝန်ယူမှာဖြစ်တာကြောင့် လွန်ခဲ့သော ဇိုင်ဝါမျိုးနွယ်စုသင်းလုံးကျွတ်အခမ်းအနားတွင် ဒူဝါလချာမ်း လနူးကို တာဝန်ထမ်းဆောင်စေဖို့ အများပြည်သူမှ ရွေးကောက်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

Leave a Reply

*