သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်ဒေသ မိုင်းယုလေး စစ်ဘေးရှောင်စခန်းရှိ စစ်ရှောင် ၃ ဦးကို အစိုးရတပ်က ခေါ်ဆောင်သွားကာ တစ်ဦးကိုတော့ ဇွန်လိုင် ၂ ရက်နေ့ ညနေပိုင်း ၁ နာရီခန့်တွင် ပြန်လည်လွတ်ပေးခဲ့ပေမယ့် ကျန်နှစ်ဦးကိုတော့ လွတ်ပေးခြင်းမရှိသေးပါဘူး။ မြန်မာစစ်တပ်အနေဖြင့် ဇူလိုင် ၁ ရက်နေ့က မိုင်ယုလေးစစ်ဘေးရှောင်စခန်းရှိ ၁၀ နှစ်အရွယ်ကလေးတစ်ဦးနဲ့ လူကြီး ၂ ဦး စုစုပေါင်း သုံးဦးကို တောင်ယာကနေ လမ်းမကြီးအထိ လမ်းပြပေးဖို့ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကာ ၁၀ နှစ်အရွယ်ကလေးကိုတော့ ဇူလိုင်လ ၂ ရက်နေ့က ပြန်လည်လွတ်ပေးခဲ့ပေမယ့် ကျန်နှစ်ဦးကို လွတ်ပေးခြင်းမရှိကာ ထိုသူနှစ်ဦးရဲ့သတင်းကိုလည်း ကြားသိရခြင်းမရှိသေးကြောင်း စစ်ဘေးရှောင်စခန်း တာဝန်ခံ တစ်ဦးကပြောပါတယ်။
မြန်မာစစ်တပ် ခေါ်ဆောင်သွားသူများက ကွတ်ခိုင်မြို့နယ် မန်စိန်ကျေးရွာအနီးတွင် တောင်ယာလုပ်ငန်းလုပ်ဆောင်နေစဉ် ခေါ်ဆောင်ခြင်းခံခဲ့ရခြင်းဖြစ်ကြောင်းနဲ့ ယခုလို ဖြစ်ရပ်တွေက တိုင်းရင်းသားဒေသများတွင် အမြဲတမ်းဆိုသလို ဖြစ်ပွားနေကြောင်း ဒေသခံသတင်းရပ်ကွက်တွေဆီက ကြားသိရပါတယ်။ ယခုလိုဖြစ်ရပ်များကြောင့် စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေရသူများက ဝမ်းရေးအတွက်အလုပ်လုပ်ဖို့ပင် စိုးရိမ်စိတ်တွေရှိနေကြရပါတယ်။