မြန်မာစစ်တပ်အနေဖြင့် ပေါ်တာဆွဲခြင်း မကြာခဏလုပ်ဆောင်တာကြောင့် ဒေသခံများစိုးရိမ်နေ

ကေအိုင်အေ တပ်မဟာ (၄) လက်အောက်ရှိ တပ်ရင်း (၈) နယ်မြေရှိ နာ့ခယမ်းအုပ်စု၊ တုန်ခမ်းကျေးရွာအနီးတဝိုက်ရှိ ပြည်သူများက မြန်မာစစ်တပ် တပ်မ(၉၉)နဲ့ တပ်မ (၈၈) တို့ မကြာခဏဆိုသလို ပေါ်တာဆွဲခြင်းများလုပ်ဆောင်တာကြောင့် စိုးရိမ်ထိတ်လန့်နေကြရပါတယ်။ ဇွန်လ ၂၇ ရက်နေ့ မနက်ပိုင်း ၆ နာရီအချိန်တွင် တုန်ခမ်းကျေးရွာရှိ ဦးမဒိန်၊ ဒွမ်ဖေါင်း ဖောင်လိုင်နဲ့ အင်ခွန်ဇော်လောင် ထိုသူများကို တပ်မ (၈၈) လက်အောက်ရှိ တပ်များက ခေါ်ယူကာ ပေါ်တာအဖြစ် စစ်ပစ္စည်းများ သယ်ဆောင်ခိုင်းခြင်း လမ်းပြစေခြင်းများ လုပ်ဆောင်ခဲ့ကာ နမ့်ဒူအရောက်တွင် ပြန်လည်လွတ်ပေးခဲ့ပါတယ်။ အစိုးရတပ်အနေဖြင့် ပေါ်တာခေါ်ဆောင်ခြင်းအပြင် လမ်းခရီးတစ်လျှောက် တစ်ခုခုကြုံတွေမှာကို စိုးကြောက်ကာ ဒေသခံများကို အကာအရံအဖြစ်ခေါ်ဆောင်ကာ လိုရာခရီးရောက်ဒီအထိပြုလုပ်လေ့ရှိကာ ဒေသခံများ စိုးရိမ်နေကြရတာကြောင့် မြန်မာအစိုးရနဲ့ အခြားသောအဖွဲ့အစည်းများအနေဖြင့် ယခုလိုလုပ်ဆောင်မှုတွေမပြုလုပ်ဖို့ လှုံ့ဆော်ပေးဖို့ လိုလားနေပါတယ်။ “ဒီလိုဖြစ်ရပ်တွေက ခဏခဏဖြစ်နေပေမယ့် အစိုးရရော ဘယ်သူမှလည်း မတားဆီးနိုင်ဘူး၊ ဖုန်းလိုင်းတောင်မရတဲ့ ဒီတောင်ပေါ်ဒေသမှာ ပေါ်တာဆွဲခြင်းမပြုလုပ်ဖို့ ပိတ်ပင်တားဆီးပေးဖို့ လိုလားပါတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ လွန်ခဲ့သောအပတ်တွင်လည်း တုန်ခမ်းကျေးရွာရှိ  ဒေသခံ ၅ ဦးကို ခေါ်ဆောင်သွားမှုတွေရှိခဲ့ပြီး ခိုင်းစေမှုတွေလုပ်ဆောင်စေကာ ပြန်လည်လွတ်ပေးမှုရှိခဲ့ပါသေးတယ်။

Leave a Reply

*