မြန်မာစစ်တပ်မှ အရပ်သားပြည်သူတစ်ဦးကို ရိုက်နှက်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲဒေသအတွင်းတွင် စစ်ရေးလှုပ်ရှားမှုတွေ ပြင်းထန်လာတာကြောင့် ကျေးရွာဒေသခံများ စစ်ဘေးရှောင်နေချိန် ရွာတွင်ကျန်ရစ်နေခဲ့တဲ့ ဒေသခံတစ်ဦးကို မြန်မာစစ်တပ်က ရိုက်နှက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ကျောက်မဲဒေသတွင်ရှိတဲ့ ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးထားတဲ့ RCSS တပ်နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေဖြစ်ပွားတာကြောင့် အိကြီးရွာသားများ စစ်ဘေးရှောင်နေရကာ အသက်ကြီးပြီးအတူလိုက်ပါ စစ်ဘေးမရှောင်နိုင်တဲ့ အသက် (၆၀) အရွယ် ဦးအိုက်မောင်ကို မြန်မာစစ်တပ်က တပ်မတော်သားများ ဝိုင်းဝန်းရိုက်နှက်သွားကြောင်း ဒေသခံများထံမှ သိရှိရပါတယ်။ မြန်မာစစ်တပ်ရဲ့ရိုက်နှက်ခြင်းခံခဲ့ရတဲ့ ဦးအိုက်မောင်ရဲ့ ဒဏ်ရာက စိုးရွားတာကြောင့် လက်ရှိအချိန်တွင် ကျောက်မဲပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရပါတယ်။ ဇွန်လ ၂၉ ရက်နေ့မနက်ပိုင်းတွင်လည်း ကျောက်မဲမြို့နယ် ပန်ချန်းကျေးရွာအတွင်းကို မြန်မာစစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ပေါက်ကွဲခဲ့တာကြောင့် အသက် ၅၆ နှစ်အရွက် အမျိုးသားတစ်ဦးသေဆုံးခဲ့ရသလို အမျိုးသမီး နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။ လွန်ခဲ့သောအပတ်တါင် ကျောက်မဲမြို့နယ်တွင် RCSS တပ်နဲ့ အစိုးရတပ်တို့ကြား တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာတာကြောင့် ကျောက်မဲဒေသအတွင်းတွင် စစ်ဘေးရှောင်နေရသူ ဦးရေများပြားလာကာ လက်ရှိအချိန်တွင် စစ်ဘေးရှောင်သူ ၅၀၀ ကျော်ရှိလာတာကြောင့် အစားအသောက်လိုအပ်မှုတွေ ရှိနေပါတယ်။

Leave a Reply

*