မြန်မာစစ်တပ်မှ ပြည်သူများရဲ့ ကြံစိုက်ခင်းကို မီးရှို့ဖျက်ဆီး

သျှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ (၆) နယ်မြေရှိ ကျေးရွာများဖြစ်တဲ့ ဒီမာ့ကျေးရွာနဲ့ နမ့်အွန်ကျေးရွာကြားရှိ ဒေသခံများရဲ့ ကြံခင်းကို မြန်မာစစ်တပ် တပ်မ (၉၉) စစ်သား တစ်ရာနီးပါးက ကြံခင်း ၅ ဧကကို ဖျက်ဆီးမီးရှို့ခဲ့ကြပါတယ်။

မြန်မာစစ်တပ် မီးရှို့ဖျက်ဆီးပေးလိုက်တဲ့ ကြံခင်းက နမ့်အွန်ကျေးရွာနေ တအာန်းဒေသခံတစ်ဦးရဲ့ ကြံခင်းဖြစ်ပြီး ပျက်စီးသွားတဲ့ကြံခင်းရဲ့ ကာလပေါက်ဈေးက မြန်မာငွေ ကျပ်သိန်း (၇၀) နီးပါးလောက်တန်ကြေးရှိကြောင်း သိရှိရပါတယ်။

မတ်လ ၈ ရက်နေ့က မြန်မာစစ်တပ်က ဒီမာ့ကျေးရွာကနေ နမ့်အွန်ကျေးရွာဘက် စစ်ရေးအကူသွားပေးတဲ့ တပ်မ (၉၉) တပ်ကို ကေအိုင်အေ တပ်မဟာ (၆) တပ်ရင်း (၉) က မိုင်းပစ်တိုက်ခိုက်ခြင်းကြောင့် မြန်မာစစ်တပ်ဘက်က အကျအဆုံးရှိခဲ့ကာ သေနတ်တရပ်စပ်ပစ်ခတ်ခြင်း လမ်းပိတ်စို့မှုတွေလုပ်ဆောင်သလို ဒေသခံများရဲ့ ကြံခင်းကိုလည်း မီးရှို့ခဲ့တာဖြစ်ပါတယ်။

“သူတို့လုပ်ရပ်က တော်တော်ဆိုးတယ်လို့ ပြောရမယ်၊ ဒေသခံများကို လမ်းပိတ်တာတွေလုပ် ဒီမာ့ဘက်မှာ သူတို့လူတွေ ထိခိုက်တာရှိတယ်လို့ ထင်တယ်၊ နမ့်အွန်ဘုန်းကြီးကျောင်းမှာ ရှိနေတဲ့ စစ်သားတွေလည်း ပစ်တယ် ရန်းပစ်တာပါလေ” လို့  ရှေ့တန်းရောက်စစ်သည်တစ်ဦးကပြောပါတယ်။

ကြံခင်းကို မီးရှို့လိုက်တဲ့အပြင် ကြံခုတ်သူများကိုလည်း သေနတ်များဖြင့် ချိန်ရွယ်ပြီး ချိန်းခြောက်မှုတွေလုပ်ဆောင်ခဲ့ကြတာပါ။ နမ့်အွန်းကျေးရွာက ကြံစိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသူများစွာရှိတာဖြစ်ပြီး ယခုလို မြန်မာစစ်တပ်ရဲ့ လုပ်ရပ်ကြောင့် ကြံစိုက်တောင်သူများ အထိနာဒုက္ခရောက်ရတော့မှာဖြစ်ကြောင်း သိရှိရပါတယ်။

Leave a Reply

*