မြန်မာစစ်တပ်က သွားလာချိန်ကိုကန့်သတ်လိုက်တာကြောင့် ဒေသခံများအခက်တွေ့

တနိုင်းမြို့နယ် ရှင်ဗွေယန်ကျေးရွာ တရုန်ချောင်းတံတားတွင် မြန်မာစစ်တပ် ခလရ (၂၆၀) တပ်က ဖြတ်သွားဖြတ်လာတဲ့ဒေသခံများကို ငွေကြေးကောက်ခံခြင်းများလုပ်ဆောင်သည့်အပြင် ညနေပိုင်း ၆ နာရီအချိန်တွင် တံတားဖြတ်သန်းခြင်းခွင့်မပြုတာတွေ ဖြစ်ပွားတာကြောင့် ဒေသခံများ သွားလာရေးအခက်တွေ့နေခဲ့ပါတယ်။

 “လမ်းသွားလမ်းလာတွေကို သူတို့က ငွေကြေးအတင်းအကျပ်ကောက်ခံပြီးတော့ ညနေ ၆ နာရီဆိုရင် သော့ခတ်လိုက်ပြီး ဒေသခံတွေကို ဒုက္ခပေးနေပါတယ်။ ဆိုင်ကယ်နဲ့ တောင်ယာပစ္စည်းတွေကိုလည်း ရွာအပြင်မှာထားခဲ့ရတဲ့ ဒုက္ခနဲ့ကြုံတွေ့နေရပါတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ယင်းဒေသခံအများစုက တောင်ယာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုနေတာဖြစ်တာကြောင့် အလုပ်ပေါ်မူတည်ပြီး ညနေအိမ်ပြန်နောက်ကျတတ်တာကြောင့် ယခုလို စစ်တပ်ရဲ့ လုပ်ဆောင်ခြင်းက ဒေသခံတွေကို နိုင်ထက်စီးနင်းပြုနေခြင်းဖြစ်နေကာ သစ်သယ်တဲ့ကားများကိုတော့ ဖြတ်သန်းခွင့်ပြုနေတယ်လို့ သိရှိရပါတယ်။

Leave a Reply

*