မြန်မာစစ်တပ်က ဒေသခံလူငယ်တစ်ဦးကို ရိုက်နှက်မှုပြုလုပ်ခဲ့

နမ့်ဖတ်ကာ အရှေ့ပိုင်းကျေးရွာ ခုမုန်းဈေးအနီးတွင် နိုဝင်ဘာ ၁၆ ရက်နေ့က နမ့်ကောင်ရုံးတွင် အခြေစိုက်နေတဲ့ တပ်မ (၈၈) လက်အောက်ရှိ စစ်သားများက လူငယ်ဖြစ်တဲ့ ဒွဲအောင်ကို ကိုယ်ထိလက်ရောက်ရိုက်နှက်မှုပြုလုပ်ခဲ့ကြပါတယ်။

ရိုက်နှက်ခြင်းခံရတဲ့ အသက် (၂၅)နှစ်အရွယ် ဒွဲအောင်က နမ့်အွန်ကျေးရွာကဖြစ်ပြီး အခင်းဖြစ်ပွားရာဒေသဆီကို အလုပ်လုပ်ကိုင်ဖို့ သွားအပြီး အိမ်ပြန်ရာလမ်းတွင် ရိုက်နှက်ခံလိုက်ရတာဖြစ်ပါတယ်။

“လူငယ်တွေက လယ်တောသွားပြီး စပါးရိတ်အပြန် သူငယ်ချင်းတွေနဲ့ပုံမှန်ထက်အသံကျယ်စွာစကားပြောဆိုနေချိန် လမ်းတဝိုက်က လူတွေဖုန်းဆက်လိုက်တာ ထင်တယ်၊ နမ့်ကောင်ရုံးမှာရှိနေတဲ့ မြန်မာစစ်သားတွေ တစ်ခါတည်း ကားနဲ့ဆင်းလာပြီး နင်တို့ကလူရိုင်းတွေလား၊ လမ်းမှာပိုက်ဆံတောင်းစားတဲ့သူတွေဆိုပြီး ဒွဲအောင်ကို တစ်ခါတည်း ဝင်ရိုက် ကန်ကျောက်ပြီး သေနတ်နဲ့ ဦးခေါင်ကို ရိုက်ပြီးပြန်သွားခဲ့တာ” လို့ဒေသခံတစ်ဦးက ပြောပါတယ်။

မောင်ဒွဲအောင်ရဲ့ဒဏ်ရာက အနည်းငယ်စိုးရိမ်ဖွယ်ဖြစ်ပေမယ့် လက်ရှိအချိန်ဆေးရုံကဆင်းပြီး နေအိမ်တွင် ဆေးကုသမှုခံယူနေတာဖြစ်ပါတယ်။

Leave a Reply

*