ဆဒုံဘွမ်တောင်မှာ တပ်စွဲနေရာယူထားတဲ့ အစိုးရတပ် ခမရ (၃၈၅) မှ စစ်သားများဟာ ပန်စဲဒေသ မာကျန်ကျေးရွာဘက် ဈေးဝယ်ထွက်လာတဲ့ အမျိုးသား ၉ ဦးကို လွန်ခဲ့သော ဇွန်လ ၂ ရက်နေ့ ညနေပိုင်းမှာ ဖမ်းဆီးခေါ်ဆောင်သွားကာ စစ်ဆေးမေးမြန်းခြင်းများလုပ်ဆောင်ပြီး ပါရှိလာတဲ့ ငွေများယူသွားခဲ့တယ်လို့ ကျေးရွာသားများမှ တစ်ဆင့်သိရပါတယ်။ ဒီရွာသားများဟာ ခွန်နောင်ကျေးရွာသားများဖြစ်ကာ မိုးတွင်းကာလအတွင်း အသုံးပြမည့်ပစ္စည်းများ ဝယ်ယူစုဆောင်းဖို့ ဈေးရှိတဲ့ မာကျန်ရွာတွင် ဈေးဝယ်နေစဉ် ကေအိုင်အိုအစိုးရလူများအဖြစ် မတင်ကာပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။ “ကေအိုင်အိုအစိုးရအတွက် ပစ္စည်းတွေတယ်ဆိုပြီး အစိုးရစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်။ တကယ်တော့ ဒီရွာသားတွေက စစ်သားတွေမဟုတ်ဘူး အမြဲတမ်းပစ္စည်းတွေလာဝယ်နေကျလူတွေလို့ ပြောပေမယ့်မရဘူး။ ခန့်မှန်းတာတော့ သူတို့ ပိုက်ဆံတောင်းစားချင်လို့ ဖြစ်မယ်” လို့ ဒေသခံတစ်ဦးက အခုလိုပြောဆိုခဲ့ပါတယ်။ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရတဲ့ ပြည်သူများဟာ ပန်စဲဒေသ ခွန်နောင်ကျေးရွာအတွင်းရှိ ဦးလဖိုင်ဂူလေး၊ ဦးဇော်ဝူ၊ ဦးဘူးရီ၊ ဦးဂူဆီ၊ ဦးငွါးသာ၊ မောင်ဇော်လု၊ မောင်ငွါးချာနဲ့ မောင်ငွါးလေဲး တို့ဖြစ်ကာ သူတို့ကို စစ်တပ်အတွင်း မေးမြန်းမှုများပြုလုပ်အပြီး ငွေတစ်သိန်းဖြင့် ပြန်လည်လွတ်ပေးခဲ့တယ်လို့ သိရှိရပါတယ်။