မြန်မာငွေတန်ဖိုး ထိုးကျမှုကြောင့် နယ်စပ်စီးပွားရေးလုပ်ငန်းများ အခက်ကြုံနေရ

မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာငွေတန်းဖိုး ကျဆင်းနေပြီး တရုတ်ငွေစျေးများ အတက်အကျ မတည်ငြိမ်မှုများကြောင့် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးနဲ့ ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းများ အခက်ကြုံတွေ့နေကြရကာ ဆိုင်ခန်းတချို့ ယာယီပိတ်ထားရကြောင်း သိရှိရပါတယ်။

စက်တင်ဘာလကစတင်ပြီး တရုတ်ငွေစျေးများ စံချိန်တင် မြင့်တက်ခဲ့မှုများကြောင့် ပြည်တွင်း စီးပွါးရေးတချို့လည်ပတ်ဖို့ အခက်အခဲရှိနေတဲ့အပြင် ကုန်စျေးနှုန်းများ မြင့်တက်နေမှုကြောင့် ပြည်သူများလည်း စားဝတ်နေရေးအတွက် ခက်ခဲမှုတွေနဲ့ ရင်ဆိုင်လာကြရပါတယ်။

တရုတ်ငွေစျေးက စက်တင်ဘာ ၂၈ရက်နေ့တွင် ၁၀၀ယွမ်ကို မြန်မာငွေ ၄၀၀၀၀ကျပ် အထိ မြင့်တက်ခဲ့သလို  ထိုသို့မြင့်တက်လာမှုကြောင့် ၂၉ရက်နေ့တွင် ငွေလဲသူများကို လိုက်လံ ဖမ်းဆီးနေသည်ဟု သတင်းထွက်ပေါ်အပြီး ငွေစျေးများ ထိုးကျမှု အနည်းငယ်ရှိခဲ့ပါတယ်။ 

“ အဲ့လို ငွေလဲတဲ့သူတွေကို ရဲတွေ လိုက်ဖမ်းကြတယ်လို့ပြောတယ် နောက်တစ်နေ့ကျတော့ ၁၀၀ယွမ်မှာ ၃၀၀၀၀ကျပ်ထိ ပြန်ထိုးကျသွားတယ်။ ဒါတောင် တချို့ငွေလဲတဲ့ သူတွေက တရုတ်ငွေ မရောင်းပေးကြဘူး” ဟု မူဆယ်မြို့မှ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။

ထို့အပြင် Online shop လုပ်ကိုင်သူတစ်ဦးမှ “ နယ်စပ်ဂိတ်တွေပိတ်ထားတော့ မန်းလေးကမှာရတာ အခုက မန်းလေးမှာလဲ ငွေစျေးမတည်ငြိမ်တာတွေကြောင့် ဆိုင်တွေ ပိတ်သွားကြတော့ ပစ္စည်းတွေမှာရခက်ပြီး အလုပ်နားထားရတာပေါ့” ဟု ပြောပြလာပါတယ်။

ထိုသို့ ငွေကြေး မတည်ငြိမ်မှုတွေကြောင့် ပြည်တွင်း၌ ကုန်စျေးနှုန်းများအပြင် ဆီစျေးများလည်း ထိုးတက်နေပြီး စီးပွါးရေးအကြပ်အတည်း ပိုမိုများပြားလာမှုတွေကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မြို့နယ်များတွင် ခိုးဆိုးလုယှက်မှုများလည်း နေ့စဉ်နဲ့အမျှ ပိုမိုများပြားလာနေပါတယ်။

Leave a Reply

*