မြစ်ဆုံ တန်ဖဲကျေးရွာအနီး အကြမ်းဖက် စစ်ကောင်စီတပ်ကို KIA, KPDF ပူးပေါင်းအဖွဲ့ ကြားဖြတ်တိုက်ခိုက်

ပူတာအိုမြို့ကနေ ထွက်ခွာလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ စစ်ယာဉ်တန်းကို မြစ်ဆုံ တန်ဖဲကျေးရွာနဲ့ ကျိန်ခရန်ကျေးရွာကြား ယနေ့ ဇွန်လ ၁၈ ရက်နေ့ မနက် ၇ နာရီခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ ကချင်ဒေသကာကွယ်ရေးတပ် ပူးပေါင်းအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြပါတယ်။

စစ်ယာဉ် ၁၂ စီးဖြင့် စစ်အင်အား ၁၀၀ ဝန်းကျင်ပါဝင်တဲ့ အဆိုပါ စစ်ကောင်စီစစ်ကြောင်းက တန်ဖဲကျေးရွာ အရောက်တွင် ယာဉ်ရပ်နားကာ ခြေလျင်ဖြင့် စစ်ရေးလှုပ်ရှားမှု လုပ်ဆောင်လာစဉ် KIA, KPDF ပူးပေါင်းအဖွဲ့မှ မိုင်း ၁၆ လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်အရ သိရပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့တာကြောင့် မနက် ၈ နာရီခန့်မှာတော့ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်းမှု ပြုလုပ်နေခဲ့ကြောင်းလည်း သိရပါတယ်။

ယခုရက်ပိုင်းအတွင်း မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းနဲ့ ဆွမ်ပရာဘွမ်လမ်းပိုင်းတလျှောက် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ယာဉ်တန်းဖြင့်ရော ခြေလျင်စစ်ကြောင်းအဖြင့်ပါ စစ်ရေးလှုပ်ရှားမှု ပြုလုပ်နေတာဖြစ်ပြီး လက်နက်ခဲယမ်းများဖြည့်တင်းခြင်းတွေ၊ စစ်အင်အားတိုးမြင့်ခြင်းတွေလည်း ဆက်တိုက်လုပ်ဆောင်နေခဲ့တာကြောင့် ကေအိုင်အေတပ်မှ လမ်းကြောင်းတလျှောက် တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

Leave a Reply

*