မြစ်ကြီးနားမြို့ရှိ အမျိုးသမီးကူညီစောင့်ရှောက်ရေးကော်မတီအနေဖြင့် လက်ရှိ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ကြောင့် ဆေးရုံကြီးများ ပိတ်ထားရစဉ် အရေးတကြီးခွဲစိတ်ဖို့လိုအပ်သူများကို အခမဲ့ဆေးကုသသွားမှာဖြစ်ပြီး ဖေဖော်ဝါရီ ၁၅ ရက်နေ့က မေ ၁၄ ရက်နေ့အထိ ဆေးကုသမှုခံယူနိုင်ဖို့ ကူညီသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။
အရပ်သားအစိုးရဆီကနေ မတရားအာဏာသိမ်းရယူခဲ့တဲ့ စစ်အစိုးရကို လက်မခံ ဆန့်ကျင်သောအားဖြင့် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ဆရာဝန်အများအပြားပါဝင်ခြင်းကြောင့် ဆေးရုံကြီးများ လူအင်အားမလောက်ချိန် အရေးပေါ်ကုသဖို့လိုအပ်သူများ၊ ကလေးမွေးဖွားခြင်း၊ အရေးပေါ်ခွဲစိတ်ကုသဖို့လိုအပ်သူများကို ကုသပေးနိုင်ဖို့ ရည်ရွယ်ပြီး လုပ်ဆောင်တာဖြစ်ကြောင်း ပါဝင်သူဆရာဝန်တစ်ဦးကပြောပါတယ်။
ကုသပေးနိုင်ဖို့ ကေဘီစီရဲ့ ဆမာရိဆေးခန်း၊ မလိဂင်ဒိုင်ဆေးခန်းတွေမှာတော့ ထိခိုက်မှုနည်းပါးသူတွေကို ကုသပေးမှာဖြစ်ပြီး ငွေကြေးလိုအပ်မှုရှိသူများအတွက်က ပုဂ္ဂုလိကဆးရုံဖြစ်တဲ့ မလိဇွပ်၊ အေးသုခ၊ ကျေးဇူးတော်စတဲ့ဆေးရုံတွေမှာ အရေးပေါ်ခွဲစိတ်မွေးဖွားဖို့လိုအပ်သူများကို စီစဉ်ပေးသွားမှာဖြစ်ပါတယ်။
အမှန်တကယ်အခက်အခဲရှိပြီး ဆေးဝါးကုသဖို့လိုအပ်သူများအနေဖြင့် သက်ဆိုင်ရာရပ်ကွက်ရပ်မိရပ်ဖနဲ့ အမျိုးသမီးခေါင်းဆောင်များရဲ့ ထောက်ခံစာများရယူပြီး ဆေးဝါးကုသမှုကို ခံယူနိုင်မှာပဲ ဖြစ်ပါတယ်။