မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးသုံးစွဲသူများကို ဖမ်းဆီးရမိ

မြစ်ကြီးနား မူးယစ်ဆေးဝါးနှိမ်နှင်းရေးအဖွဲ့နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မူးယစ်ရဲများ ပူးပေါင်းပြီး ဇွန်လ ၂၅ ရက်နေ့က အေးမြသာယာရပ်ကွက်တွင် မူးယစ်ဆေးဝါးနှိမ်နှင်းရေးလုပ်စဉ် သုံးစွဲနေသူ အယောက် (၆၀) ကျော်နဲ့ ရောင်းဝယ်သူ ၂ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။ လက်ရှိအချိန်တွင် သုံးစွဲသူ (၆၀) ဦးကျော်ကို Mungkan Ninghtoi မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစခန်းမှာ အပ်နှံ့ထားကာ ရောင်းဝယ်သူ နှစ်ဦးကတော့ တပ်ကုန်းရပ်ကွက်နဲ့ ဒူကထောင်ရပ်ကွက်မှ အသက် (၂၀)အရွယ် လူငယ်အမျိုးသားများဖြစ်ကြကာ ထိုသူနှစ်ဦးကို မြစ်ကြီးနား အမှတ် (၂) ရဲစခန်းတွင် အပ်နှံထားပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နှိမ်နှင်းရေးကာလတွင် မူးယစ်ဆေးဝါးသုံးစွဲသူများ ပိုမိုဆိုးရွာလာကာ လွတ်လွတ်လပ်လပ်သုံးစွဲမှုတွေလုပ်နေတာကြောင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ ရဲများ၊ မူးယစ်နှိမ်နှင်းရေးအဖွဲ့များ ပူးပေါင်းပြီး နှိမ်နှင်းရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားဖို့ရှိတယ်လို့ သိရှိရပါတယ်။

Leave a Reply

*