မြစ်ကြီးနားမြို့စွန်ကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ဒေသခံအချို့ကို ဖမ်းဆီးရိုက်နှက် အဖိုးတန်ပစ္စည်းများယူဆောင်သွား

မတ်လ ၁ ရက်၊ ၂၀၂၃ ခုနှစ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နောင်းနန့်အနီးဝန်းကျင်ရှိ ကျေးရွာများဘက် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မနက် ၃ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ ဒေသခံအချို့ကို ဖမ်းဆီးရိုက်နှက်မှုတွေ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။

ထိုမနက်တွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ မော်တော်ယာဉ် ၄ စီးဖြင့် မော်တောင်းကျေးရွာကို ဝင်ရောက်လာပြီး ကျေးရွာအုပ်ချုပ်ရေးမှူးကို ဖမ်းဆီးဖို့လုပ်ဆောင်စဉ် နေအိမ်တွင်မရှိတာကြောင့် အုပ်ချုပ်ရေးမှူးရဲ့ မော်တော်ယာဉ်တစ်စီးကို ယူဆောင်သွားခဲ့ပါတယ်။

ထို့နောက်တွင် စစ်ကောင်စီတပ်က ဆွမ်ဒူလ နေအိမ်ကို ပြန်လည်ဝင်ရောက်စစ်ဆေးမှုပြုလုပ်ပြီး ခြေ၊ လက်၊ လည်ပင်းများတွင် ရိုက်နှက်မှုတွေ ပြင်းပြင်းထန်ထန်ပြုလုပ်တာကြောင့် ထိခိုက်ဒဏ်ရာဆိုးရွာစွာ ရရှိခဲ့ပါတယ်။

ထို့အပြင် မနက် ၅ နာရီခွဲတွင် ဆယ်မိုင် ကျေးရွာတွင် ပြန်လည်ဝင်ရောက်ကာ လူငယ်တစ်ဦးကို ဖမ်းဆီးရိုက်နှက်မှု ပြုလုပ်ပြီး လူမှားယွင်းမိကြောင်း ပြောဆိုကာ နေအိမ်တွင်းရှိ တန်ဖိုးကြီးပစ္စည်းများကို အဓ္ဓမယူဆောင်သွားခဲ့ကြောင်း သိရပါတယ်။

Leave a Reply

*