ရန်ကုန်မြို့နယ်အချို့တွင် “ဖက်ဒရယ် FM ရေဒီယို” ကို မနက်ဖြန် မတ်လ ၂၇ ရက်နေ့ မနက် ၉ နာရီမှ စတင်ပြီး 90.2 MHz လိုင်းမှ နားဆင်နိုင်တော့မှာဖြစ်ကြောင်း လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီမှ အသိပေးလိုက်ပါတယ်။

ထို FM ရေဒီယိုလိုင်းကို မျိုးဆက်သစ်လူငယ် Generation Z တွေ ရဲ့ စည်းလုံးမှုနဲ့အတူ ပြည်သူတွေ သတင်းအချက်အလက်အမှန်ရရှိနိုင်ဖို့ ကြိုးစားထားချက်ဖြစ်ကာ ဧပြီလဆန်းပိုင်းမှာတော့ ရန်ကုန်တမြို့လုံးနဲ့ အခြားသောမြို့တွေ ရရှိနိုင်အောင်အထိ ကြိုးစားနေကြောင်းသိရှိရပါတယ်။
လက်ရှိနိုင်ငံတွင်း ထုတ်လွင့်နေတဲ့ FM ရေဒီယိုလိုင်းများက အာဏာသိမ်းစစ်တပ်ရဲ့ ထိန်းချုပ်မှုလက်အောက်တွင် ရှိနေတာကြောင့် မြေပြင်သတင်းအမှန်များကို ရရှိနိုင်ခြင်း ထုတ်လွင့်ခြင်းမရှိသလို စစ်ကောင်စီရဲ့အာဘော်များနဲ့ ဖျောဖြေရေးများကိုသာ အဓိကထား ထုတ်လွင့်နေကြတာပဲဖြစ်ပါတယ်။
ဖက်ဒရယ် FM ရေဒီယိုလိုင်းကိုတော့ ဖုန်း၊ ကားနဲ့အခြားသော FM ရေဒီယိုလိုင်းပါဝင်တဲ့ ပစ္စည်းများဖြင့် နားဆင်နိုင်မှာပဲဖြစ်ပါတယ်။