မဲမထည့်ခင်ထဲကအနိုင်ရလိုသောအာဏာရပါတီ

မြန်မာနိုင်ငံသည် လာမည့်နိုဝင်ဘာ ၈တွင်ရွေးကောက်ပွဲကျင်းပတော့မည်ဖြစ်သည်။ယခုအကြိမ်ရွေးကောက်ပွဲသည်နိုင်ငံ၏ဒီမိုကရေစီကူးပြောင်းရေးဖြစ်စဉ်စတင်ခဲ့စဉ်ကပထမဆုံးအကြိမ်လွတ်လပ်မှုရှိပြီးတရားမျှထားမှုရှိသောရွေးကောက်ပွဲမှတဆင့်အနိုင်ရရှိခဲ့သောNLDပါတီ၏ငါးနှစ်တာကာလတာဝန်ထမ်းဆောင်ပြီးနောက်ကျင်းပသောရွေးကောက်ပွဲဖြစ်သည်။

ယခုအကြိမ်ရွေးကောက်ပွဲတွင်ပါတီပေါင်း၉၀ကျော်ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ၎င်းသည် နိုင်ငံတွင်းတွင် ဒီမိုကရေစီပါတီစုံစနစ်ထွန်းကားစေမည့်လက္ခဏာတစ်ရပ်လည်းဖြစ်သည်။သို့သော်လည်းလက်ရှိအခြေအနေများအရNLDပါတီသည်ရွေးကောက်ပွဲတွင်အနိုင်ရရှိရန်သေချာနေပါသည်။အဘယ်ကြောင့်ဆိုသော် NLD ပါတီသည်မိမိ၏ အောင်မြင်မှုလမ်းကြောင်း၌ ပိတ်ဆို့နေသော အခက်အခဲများကို ဖယ်ရှားရန်ကြိုးပမ်းမှုများကြောင့်ဖြစ်သည်။

မဲပေးခွင့်ရုပ်သိမ်းခြင်း

အောက်တိုဘာလ၁၆ရက်ကNLDပါတီ၏ယန္ဒရားအစိတ်အပိုင်းတစ်ခုဖြစ်သောပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည်နိုင်ငံ၏ထိလွယ်ရှလွယ်သောနေရာများ၌ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်းကြေညာခဲ့(မဲပေးသူ၁၁ သိန်းနည်းပါး မဲပေးခွင့်ဆုံးရှုံး) ပြီးကိုယ်စားလှယ်များဒုတိယအများဆုံးရှိသောညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP)ကိုလည်းဖျက်သိမ်းရန်ကြေညာခဲ့သည်။ရလဒ်အနေနှင့်NLDပါတီကိုဆန့်ကျင်နိုင်သောပါတီများလျော့နည်းသွားခြင်းဖြစ်သည်။

ရွေးကောက်ပွဲဖျက်သိမ်းခြင်းကြောင့် တိုင်းရင်းသားပါတီများ၏ပြင်းထန်သောဝေဖန်မှုများကိုခံခဲ့ရသည်။အောက်တိုဘာ၁၈ရက်တနဂ်‌နွေနေ့မှာတိုင်းရင်းသားပါတီငါးခုသည်ရွေးကောက်ပွဲဖျက်သိမ်းခြင်းကိုရှုံ့ချသော၊ဤကဲ့သို့ဆောင်ရွက်ခြင်းသည်လူများအား extra-parliamentary actionကိုအသုံးပြုရန်တွန်းပို့နိုင်လိမ့်မည်ဟူသောအကြောင်းအရာများပါဝင်သည့် ပူပေါင်းကြေညာချက် တခုကို ထုတ်ပြန်ခဲ့ပါသည်။(extra-parliamentary action ဆိုသည်မှာ လက်ရှိအုပ်ချုပ်နေသောအာဏာရပါတီကို ဆန့်ကျင်သည့် အပြုအမူမျိုး ဖြစ်သည်)ဤအရာသည်အကြမ်းဖက်မှု ဖြစ်လာနိုင်သော ခြိမ်းခြောက်မှု တခုလည်းဖြစ်ပါသည်။အခြားခေါင်းဆောင်များသည်လည်းရွေးကောက်ပွဲဖျက်သိမ်းမှုနှင့်ပတ်သက်၍ဝေဖန်ပြောဆိုမှုများရှိပါသည်။ရွေးကောက်ပွဲ ဖျက်သိမ်းခံရသောရှမ်းပြည်နယ်မြို့နယ်များထဲမှတခုဖြစ်သောမိုင်းကိုင်းမြို့နယ်SNLDကိုယ်စားလှယ်ဦးစိုင်းဝင်းအေးသည်မိုင်းကိုင်းမြို့နယ်မှာစစ်ပွဲမရှိဘူး။ဒီမှာရွေးကောက်ပွဲရွှေ့ရင်ရန်ကုန်မှလည်းကိုဗစ်ဒုတိယလှိုင်းကြောင့်အခြေအနေဆိုးနေတဲ့အတွက်ရွေးကောက်ပွဲရွှေသင့်တယ်ဟုပြောကြားခဲ့ပါသည်။

SNLDပါတီ၏အတွင်းရေးမှူးဦးစိုင်းကျော်ညွန့်သည်လည်းရွေးကောက်ပွဲရွှေ့တဲ့မိုင်းကိုင်းမြို့ဟာမကြာသေးခင်ကလက်နက်ကိုင်ဗုံး တွေ့ရှိ ခဲ့တဲ့ နေပြည်တော်ထက်တောင်လုံခြုံပါသေးတယ်။ရွေးကောက်ပွဲဖျက်တာဟာNLDရှုံးပြီးSNLDနိုင်မှာသေချာနေတဲ့ အတွက်ကြောင့် ဖြစ်တယ်ဟု ပြောကြားခဲ့သည်။

လမ်းကြောင်းရှင်းလင်းခြင်း

စီးပွားရေးဥပဒေများချိုးဖောက်ခြင်းကြောင့်ပြစ်ဒဏ်ပေးခံရစဉ်၁၉၉၀တွင် ထောင်မှထွက်ပြေးသွားသည့်အတွက်ပြီးခဲ့သည့်လကUDPပါတီခေါင်းဆောင်ဦးကျော်မြင့်ကိုပြန်လည်ဖမ်းဆီးပြီးသည့်နောက် ၎င်း၏ပါတီUDPကိုUECကမှတ်ပုံတင်ဖျက်သိမ်းခဲ့ပါသည်။သူ့မှာအတိတ်ကအရိပ်ဆိုးကြီးရှိသည်မှာငြင်း၍မရပါ။သို့သော် သူသည် ဆယ်စုနှစ်ပေါင်းများစွာလွတ်လပ်စွာ လုပ်ကိုင်ခွင့်ရရှိခဲ့သည်။သူ၏ပါတီသည်၂၀၁၀မှစ၍တည်ရှိခဲ့သည်။ယခုအချိန်မှသူ၏ပါတီကိုအဘယ့်ကြောင့်တားမြစ်ရသနည်း။အဖြေမှာ UDP ပါတီသည် ကိုယ်စားလှယ် ၁၁၄၃ ဦး (NLD နီးပါး ) ဝင်ပြိုင်သောကြောင့် ဖြစ်ပါသည်။

NLDပါတီသည်သောင်ပြိုကမ်းပြိုအနိုင်ရရှိသော ၂၀၁၅ကထက် ယခုနှစ်၂၀၂၀ ရွေးကောက်ပွဲတွင်အတိုက်အခိုက်များစွာကြုံတွေ့နေရပါသည်။NLDပါတီသည်သူ၏အစိုးရသက်တမ်းကိုကောင်းကောင်းအသုံးမချနိုင်ပါ။ရလဒ်အနေနှင့်ပြည်တွင်းတွင်လူထုအကြားကျော်ကြားမှုလျော့နည်းလာပြီးနိုင်ငံတကာတွင်လည်းကျော်ကြားမှုများကျဆင်းလာပါသည်။NLDပါတီသည်တိုင်းရင်းသားပြည်နယ်၇ခုတွင်လည်းထောက်ခံမှုများသိသိသာသာကျဆင်းလာပါသည်။

ဤကဲ့သို့ဖြစ်ရခြင်းမှာပါတီခေါင်းဆောင်၊နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏အကျင့်လက္ခဏာများ‌ကြောင့်ဖြစ်ပါသည်။သူမသည် သူမ၏သက်တမ်းကာလတွင် ပြည်သူလူထုများနှင့်ဝေးကွာလာပါသည်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒကြောင့် သမ္မတမဖြစ်နိုင်သောအခါသူမသည် အခြားအရာများကို လစ်လျူရှုလျက်အာဏာကိုကိုင်ဆွဲသိမ်းပိုက်ထားပါသည်။

စုကြည်သည် အခြေအနေများသည် မသေချာမရေရာသည်ကိုသိရှိလာသောအခါသူမ၏ပါတီသည်သာမန်ထက်လွန်ကဲသော ဆောင်ရွက်မှုများကို လက်ဝေခံအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီးဆောင်ရွက်ခဲ့ပါသည်။(ဥပမာအနေဖြင့်အချို့နေရာဒေသများတွင်ရွေးကောက်ပွဲများဖျက်သိမ်းခြင်း) NLDပါတီမှခန့်အပ်နေရာပေးထားသောသူများသည်အစိုးရ၏ရန်ပုံငွေများကိုလောဘတကြီးဆက်လက်ရယူသုံးစွဲလိုကြပါသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်မှုပုံရိပ်ယောင်

ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ်များ၊မြို့ပြရပ်ကွက်များ၊ကျေးရွာများသည် တိုင်းရင်းသားပါတီများအားကောင်းသော ရခိုင်ပြည် နယ်တွင်းတွင်တည်ရှိကြပါသည်။တချို့မြို့နယ်များသည်တိုင်းရင်းသားပါတီများပူးပေါင်းထားသောကချင်ပြည်နယ်နှင့်ကရင်ပြည်နယ်၌တည်ရှိကြပါသည်။ထိုကဲ့သို့တိုင်းရင်းသားပါတီများပူးပေါင်း၍ယှဉ်ပြိုင်ခြင်း ( ဥပမာ _ကချင်ပါတီများသည်ရွေးကောက်ပွဲတွင် ကချင်ပါတီကြီးတခုအနေနှင့် ပူးပေါင်းပြီးဝင်ရောက်ယှဉ်ပြိုင်ခြင်း)သည် NLD ပါတီ၏ လွှမ်းမိုးမှုကို တားမြစ်နိုင်လိမ့်မည်။

ထို့အပြင်ရခိုင်ပြည်နယ်ရှိ AA အဖွဲ့နှင့် စစ်တပ်အကြားတွင်တိုက်ပွဲများပြင်းထန်နေပြီးအပြစ်မဲ့သည့်အရပ်သားပေါင်းများစွာ သေကြေမှုများ ဖြစ်ကာ လူပေါင်း 2 သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်နေရသည်။နိုင်ငံရေးအရ မဲဆန္ဒ ရှင်များကိုမဲပေးခွင့်ရုပ်သိမ်းခြင်းသည်ရခိုင်ပြည်နယ်တွင်အများဆုံးဖြစ်နေပြီး ထိုကဲ့သို့ ပြုလုပ်ခြင်းသည် ထိုဒေသရှိလူများကိုထပ်မံစော်ကားလိုက်ခြင်းပင်ဖြစ်သည်။

ပို၍ဆိုးသည်မှာ ၂၀၁၅ က NLD ပါတီ အနိုင်ရရှိခဲ့သော မဲဆန္ဒနယ်သုံးခုတွင် ရွေးကောက်ပွဲမဖျက်သိမ်းဘဲ ANP ပါတီအနိုင်ရရှိခဲ့သော မဲဆန္ဒနယ် ခုနစ်ခုတွင်ရွေးကောက်ပွဲဖျက်သိမ်းခြင်းဖြစ်သည်။

အစိုးရ၏တိုင်းရင်းသားစည်းလုံးညီညွတ်မှု၊တန်းတူညီမျှမှုဟူသောစကားလုံးများမှာအနှစ်မပါဗလာသက်သက်သာဖြစ်သည်။ရွေးကောက်ပွဲဖျက်သိမ်းသည့်နေရာဒေသများရွေးချယ်မှုနှင့်ပတ်သက်၍မကိုက်ညီမှုများမေးခွန်းထုတ်စရာများရှိနေပါသည်။မဲပေးခွင့်ဆုံးရှုံးကြသည့် လူများစွာသည် စိတ်ဆိုးကြပါသည်။ဒီမိုကရေစီနိုင်ငံမှာsupreme court လိုမျိုး အဖွဲ့အစည်း များသည် ထိုကိစ္စနှင့်ပတ်သက်၍ တရားမျှတမှုရရှိစေရန်ကူညီဆောင်ရွက်ပေးသင့်ပါသည်။

NLD ပါတီလုပ်ဆောင်ချက်များ၏ အကျိုးဆက်များသည်ရွေးကောက်ပွဲအောင်နိုင်ရေးထက်ပိုပြီးကျော်လွန်သွားခဲ့ပါသည်။NLDပါတီနှင့်တိုင်းရင်းသားပါတီများကြားကဆက်ဆံရေးသည်မကောင်းသည့်အခြေအနေမှာရှိနေပြီးငြိမ်းချမ်းရေးဆွေးနွေးပွဲများသည် ယုံကြည်နိုင်ဖွယ်ရာ မရှိတော့ပေ။

UEC ကဲ့သို့သော အဖွဲ့အစည်းများ၏ အကျင့်ပျက်ချစားမှုသည်အာဏာရှင်စနစ်ပုံစံသို့တဖန်ပြန်လည်ရောက်သွားနိုင်ခြေရှိပါသည်။ဥပမာအနေနှင့် ၁၉၃၃ ဂျာမဏီမှာ ဖြစ်ပွားသွားခဲ့သော Hitlar ၏နာဇီပါတီမှအာဏာလွှဲပြောင်းယူချင်းကဲ့သို့သော ဖြစ်စဉ်မျိုးဖြစ်ပါသည်။

Leave a Reply

*