ဒေသတွင်း မူးယစ်ဆေးဝါးနှိမ်နှင်းရေးလုပ်ငန်းတွေ အူလိုင်းပါဒေသ၊ ဒိန်ဂါ့ဘွမ်ကျေးရွာအုပ်စုရှိ ဒိန်ဂါ့ဘွမ် မူးယစ်ဆေးဝါးနှိမ်နှင်းရေးအဖွဲ့ ပူးပေါင်းကော်မတီက အစဉ်တစိုက်လုပ်ဆောင်နေတာကြောင့် သုံးစွဲသူဦးရေလျော့ကျလာကာ ခိုးဆိုးလုနိုက်ဖြစ်မှုများလည်း လျော့နည်းသွားကြောင်း သိရှိရပါတယ်။ ကဒေါ်ကောင် မူးယစ်ဆေးဝါးဖြတ်ပေးတဲ့နေရာတွင် မူးယစ်ဆေးဝါးသုံးစွဲသူများကို ဖမ်းဆီးပြီး အရေးယူမှုတွေလုပ်ဆောင်ပြီး ၁၅ ရက်တိတိ ဘိန်းဖြတ်ပေးမှုတွေ လုပ်ဆောင်စေကာ ဇူလိုင် ၁ ရက်နေ့မှာတော့ ထိုသူများကို နောက်ထပ်သုံးစွဲမှုမပြုတော့ကြောင့် ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ပြန်လည်လွတ်ပေးခဲ့ပါတယ်။
ဘိန်းဖြတ်ခံယူပြီးသူများကတော့ ဂျာလွန်ကျေးရွာက ဦးမုန်လျန်း အသက် (၃၀)နှစ်၊ ဦးဆမ်လျန်း အသက် (၃၃)နှစ်၊ ဦးအင်တမ်ကော့ အသက် (၅၅) နှစ်၊ မောင်အိုက်မြစ် အသက် (၂၂)နှစ်၊ ဦးဆိုင်ဂျင် အသက် (၆၀)နှစ်တွေ ဖြစ်ကြကာ ပူးပေါင်းကော်မတီအနေဖြင့် ဘိန်းဖြတ်ပေးမှုလုပ်ဆောင်လာတာ (၄) ကြိမ်မြောက်ရောက်ရှိလာပြီဖြစ်ကာ ဆက်လက်ပြီးတော့ မူးယစ်ဆေးဝါးနှိမ်နှင်းရေးလုပ်ငန်းများကို လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။