မူးယစ်ဆေးဝါးသယ်ဆောင်လာတဲ့ ပြည်သူ့စစ်အဖွဲ့ကို KIA, KPDF ပူးပေါင်းတပ် ဖမ်းဆီးနိုင်ခဲ့

ဝိုင်းမော်မြို့နယ်၊ ဖန်ဒေါင်ကျေးရွာ အုပ်စု၊ ဆနီခူးကျေးရွာအထက် ဆဒုံး-မန်ဝင်းလမ်းပိုင်း ယနေ့ ဩဂုတ်လ ၂၄ ရက်နေ့ ညနေ ၆ နာရီခွဲတွင် ပန်ဝါဘက် ဦးတည်မောင်းနင်လာတဲ့ မော်တော်ယာဉ်တစ်စီးကို KIA, KPDF ပူးပေါင်းတပ်မှ စစ်ဆေးနေစဉ် မူးယစ်ဆေးဝါးသယ်ဆောင်လာခြင်းကို တွေ့ရှိခဲ့တာကြောင့် ဖမ်းဆီးခဲ့ပါတယ်။

PRADO အမျိုးအစားကားက ဘွမ်တောင်လမ်း ဆိုင်လော်ကနေ ပန်ဝါဘက်မောင်းနှင်လာစဉ် KIA, KPDF ပူးပေါင်းတပ်မှ စစ်ဆေးမေးမြန်းစဉ် အကြမ်းဖက် စစ်ကောင်စီတပ် လက်အောက်ခံ ပြည်သူ့စစ်တစ်ဦးနဲ့အပါအဝင် အမျိုးသား ၄ ဦးကို ဘိန်းဖြူ အထုပ် (၆၆) ထုပ်နဲ့အတူ ပစ္စတိုသေနတ်တစ်လက်ကို ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။

ဝိုင်းမော်နယ်မြေတွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူများနဲ့ သုံးစွဲသူများပြားခဲ့တာကြောင့် ကေအိုင်အေတပ်မှ မူးယစ်ဆေးဝါးနှိမ်နှင်းရေးတွေကို စဉ်ဆက်မပျက်လုပ်ဆောင်နေတာဖြစ်ပြီး ဇွန်လ ၂၂ ရက်နေ့တုန်းကလည်း အောင်မြေ ၂ ကျေးရွာတဝိုက် ကေအိုင်အေတပ်သားများ မူးယစ်ဆေးဝါးနှိမ်နှင်းရေးလုပ်ဆောင်နေစဉ် အကြမ်းဖက် စစ်ကောင်စီလက်ပါးစေများနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိခဲ့ပါသေးတယ်။

Leave a Reply

*