မူးယစ်ဆေးဝါးရောင်းဝယ်သူနှစ်ဦးကို ဖမ်းမိ

ဖားကန့်မြို့နယ် ဂွေခါကျေးရွာရှိ ဒေသခံ မူးယစ်ဆေးဝါးနှိမ်နှင်းရေးအဖွဲ့မှ ဩဂုတ်လ ၃ ရက်နေ့က မူးယစ်ဆေးဝါးရောင်းဝယ်သူ ၂ ဦးကို ယာမများနဲ့အတူ ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဂွေခါကျေးရွာ ရပ်ကွက် (၅)တွင်နေထိုင်တဲ့ ဦးဇော်လတ်နဲ့ ဒေါ်ချောစုလှိုင်တို့နှစ်ဦးကို ယာမ အလုံးရေ (၆၂၀၀)၊ သိန်း (၅၆၀) နဲ့အတူ ဂွေခါ မူးယစ်နှိမ်းနှင်းရေးအဖွဲ့က ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

“သူတို့နှစ်ဦးက လွန်ခဲ့တဲ့ သုံးနှစ်လောက်တုန်းကလည်း ရောင်းဝယ်တာတွေမပြုလုပ်ဖို့ မူးယစ်ဆေးဝါးနှိမ်နှင်းရေးအဖွဲ့တွေ သတိပေးခဲ့ဘူးတယ်” လို့ ဂွေခါမူးယစ်ဆေးဝါးနှိမ်နှင်းရေးအဖွဲ့ အတွင်းရေးမှူး ဆရာတန်ဂွန်း ကပြောပါတယ်။

လက်ရှိအချိန်မှာတော့ ဖမ်းဆီးနိုင်ခဲ့တဲ့ သူနှစ်ဦးကို ဖားကန့်မူးယစ်ရုံးဘက်ကို ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးနှင့်အတူ ပို့ဆောင်ခဲ့ပြီးဖြစ်ကာ ဂွေခါဒေသတဝိုက် ဖမ်းဆီးမှုတွေလုပ်ဆောင်နေပေမယ့် သုံးစွဲသူတွေကတော့ လျော့ကျသွားခြင်းမရှိသေးပဲ အမြဲလိုလို ဖမ်းဆီးနိုင်မှုတွေ ရှိပါတယ်။

Leave a Reply

*