မူးယစ်ဆေးဝါးကြောင့် နမ့်ဆန်ယန်ဒေသခံတချို့ ပြန်လည်အခြေချနေထိုင်ရန် စိုးရိမ်နေ

နမ့်ဆန်ယန်ကျေးရွာတွင် ရွှေတူးဖော်ရေးလုပ်ငန်းလာရောက်လုပ်ကိုင်သူများနဲ့ ပျံကျစျေးသည်များစတဲ့ လူပေါင်းစုံ ရောယှက်နေရာတွင် မူးယစ်ဆေးဝါးများ ဖောဖောသီသီ ရောင်းဝယ်ဖောက်ကားနေတာတွေရှိနေတယ်လို့ ဒေသခံတွေက‌ ပြောဆိုနေကြပါတယ်။

ယခုလို မူးယစ်ဆေးဝါးများ ရောင်းဝယ်နေသည်ကို အများမြင်တွေ့နေပေမယ့် တာဝန်ရှိသူ အုပ်ချုပ်သူများ၊  အစိုးရတာဝန်ရှိသူများက အရေးယူစစ်ဆေးခြင်း လုံးဝမရှိသောကြောင့် မ့်ဆန်ယန်ကျေးရွာဒေသခံ စစ်ဘေးရှောင်ပြည်သူများက မိမိသားသမီးများရဲ့ ရှေ့ ရေးအတွက် စိုးရိမ်နေကြရပါတယ်။

“အခုပြန်လာကြမယ့် ဒေသခံပြည်သူတွေရဲ့  တောင်းဆိုချက်ကတော့ မူးယစ်ဆေးဝါးအပျော်အပါး ကင်းရှင်းပြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့ ဒေသအဖြစ် ပြန်လည်တည်ထောင်ချင်ပါတယ်။ အခုကုန်သည်တွေ ဒါမှမဟုတ် တစိမ်းတွေက ကိုယ်ရဲ့ ရွာမဟုတ်ဘူးဆိုတော့ ဖြစ်ချင်ရာဖြစ်ဆိုတဲ့ပုံစံနဲ့ ‌နေထိုင်နေတယ်လို့ မြင်မိပါတယ်” လို့ နမ့်ဆန်ယန် စစ်ဘေးရှောင်လူဒေသခံတစ်ဦး ကပြောပါတယ်။

၂၀၁၉ ခုနှစ်ကနေပြီး စစ်ပြေးရှောင်အိမ်ထောင်စု ၉၆ က မိမိဒေသဖြစ်တဲ့ နမ့်ဆန်ယန်ကျေးရွာဘက်  ပြန်လည်အခြေချနေထိုင်နေပြီဖြစ်ပြီး ပျံကျစျေးသည်များ၊ အလုပ်လာရောက်လုပ်ကိုင်သူများမှာ မူလဒေသခံလူထက် များပြားနေပြီး၊ နေရပ်ပြန်ကြမယ့် စစ်ဘေးရှောင်ဒေသခံ အိမ်ထောင်စု ၁၀၀ ကျော်ကလည်း စာရင်း‌ပေးထားပြီဖြစ်ကြောင်း သိရှိရပါတယ်။

Leave a Reply

*