မူဆယ် ၁၀၅ မိုင်တွင် KIA တပ်နဲ့ အကြမ်းဖက် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွား

ဇန်နဝါရီလ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ မူဆယ် ၁၀၅ မိုင်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်အနီး ဇန်နဝါရီ ၁၂ ရက် နေ့လည် ၁၁ နာရီခွဲတွင် ကေအိုင်အေ တပ်မဟာ ၆ တပ်ရင်း ၉ တပ်နဲ့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်က စစ်ယာဉ် ၁၄ စီးဖြင့် စစ်အင်အား၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာများ တင်ဆောင်ကာ မူဆယ် ၁၀၅ မိုင် တပ်စခန်းကနေ ထွက်ခွာလာစဉ် ကေအိုင်အေတပ်မှ ကြားဖြတ်တိုက်ခိုက်ကာ မိနစ် ၃၀ ကြာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရပါတယ်။

ရှမ်းပြည်မြောက်ပိုင်းဒေသတွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ အင်အားဖြည့်တင်းမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် KIA, MNDAA စတဲ့ လက်နက်ကိုင်အင်အားစုများနဲ့ တိုက်ပွဲများဖြစ်ပွားနေကာ နိုင်ငံတဝှမ်းတိုက်ပွဲများက ပိုမိုကျယ်ပြန့်လာနေပါတယ်။

အာဏာသိမ်းမှု အောင်မြင်ခြင်းမရှိသေးတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က ယခုနှစ်တွင်လည်း တိုက်ပွဲများရပ်သန့်ထားမှာဖြစ်ကြောင်း ထုတ်ပြန်ထားပေမယ့် နိုင်ငံတွင်း စစ်မြေပြင် ပိုမိုကျယ်ပြန့်လာတာနဲ့အညီ လေကြောင်းအသုံးပြုကာ ပစ်မှတ်မရွေး ဗုံးကြဲတိုက်ခိုက်လာခြင်းကြောင့် စစ်ရေးနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ အရာများ ထိခိုက်ပျက်စီးမှုတွေလည်း တိုးများလာနေပါတယ်။

Leave a Reply

*