မူဆယ်ခရိုင် ကချင်စာပေနှင့်ရိုးရာယဉ်ကျေးမှုအဖွဲ့ ဦးဆောင်ပြီး မူဆယ် မန်နောင်ကျေးရွာအထက်ပိုင်းတွင် မနောကွင်းသစ်တစ်ခု တည်ဆောက်မှုတွေ စတင်နေပြီဖြစ်ပါတယ်။
မူဆယ်မြို့က စီးပွားရေးအချက်အချာကျပြီး လူဦးရေများပြားလာခြင်းကြောင့် ယခင်ရှိထားတဲ့ မနောက်ကွင်းတွင် ပွဲတော်များကျင်းပချိန် နေရာထိုင်ခင်းမလုံလောက်မှု လိုအပ်ချက်တွေများပြားလာခြင်းကြောင့် အသစ်တစ်ခုထပ်မံတည်ဆောက်ခြင်းဖြစ်တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။
လက်ရှိတည်ဆောက်နေတဲ့ နေရာသစ်က ၁၈ ဧကအကျယ်အဝန်းရှိကာ နေရာချိန်ညှိခြင်းများကို လုပ်ဆောင်နေပြီဖြစ်ပြီး ယခင်နေရာကိုတော့ ရိုးရာယဉ်ကျေးမှုဆိုင်ရာ ဆွေးနွေးပွဲများနဲ့ ရိုးရာပစ္စည်းပြခန်းများအတွက် အသုံးပြုသွားဖို့ရှိနေတာပါ။
“မူဆယ်မြို့ထဲမှာရှိတဲ့ ကျတော်တို့ မနောကွင်းက ၂ ဧကပဲရှိတာ၊ ဒါ့ကြောင့် အနေအထားအရ နေရာကကျဉ်းတော့ ပွဲလုပ်ဆောင်ဖို့ အခက်ကြုံရတယ်၊ ယဉ်ထားဖို့ကလည်း နေရာမရှိဘူး” လို့ မူဆယ်ခရိုင် ကချင်စာပေနှင့်ရိုးရာယဉ်ကျေးမှုအဖွဲ့ အတွင်းရေးမှူး ဦးဇခုံခမ်းလွမ် ကပြောပါတယ်။
မူဆယ်မြို့တွင် ၂၀၁၅ ခုနှစ်ကနေစပြီး Hkri Dip မနောပွဲကိုပြုလုပ်ခဲ့တာဖြစ်ပြီး ယခုတည်ဆောက်နေတဲ့ မနောကွင်းသစ်ကိုတော့ ၂၀၂၃ ခုနှစ်တွင် ပြီးစီးမှာဖြစ်ပြီး မနောပွဲ ကျင်းပသွားနိုင်မှာဖြစ်ပါတယ်။