မူဆယ်မြို့ ၂ နေရာတွင် ပေါက်ကွဲမှုဖြစ်ပွါး

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ တွင် အောက်တိုဘာ ၇ ရက် ယနေ့ နေ့လည်ပိုင်းတွင် လုံခြုံရေးထူထပ်နေတဲ့ ကြားထဲက ၂ နေရာ ဗုံးပေါက်ကွဲမှု ဖြစ်ပွါးခဲ့ပါတယ်။

Photo Credit

မူဆယ် ၁၀၅မိုင် ကုန်သွယ်ရေးဇုန် အဝင်ဂိတ် မောင်းတံ အနီးတွင် လူတစ်စုမှ လက်နက်ငယ်များဖြင့် အကောက်ခွန်ရဲနဲ့ ပြည်သူ့စစ်အဖွဲ့ကို ပစ်ခတ်သွားပြီး ပေါက်ကွဲမှုလည်းဖြစ်ပွါးသွားကြောင်း သိရှိရပါတယ်။ ထို့အပြင် မူဆယ်မြို့အဝင် ကုန်သွယ်ရေးရိပ်သာအနီးတွင်လည်း ဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပါသေးတယ်။

ပေါက်ကွဲမှုများတွင် ထိခိုက်မှုကြီးကြီးမားမား မရှိသော်လည်း တာဝန်ကျ အကောက်ခွန် အရာရှိ တစ်ဦးရဲ့ ကား ထိခိုက်ပျက်စီးသွားပြီး အဆိုပါ ဂိတ်တွင် အကောက်ခွန် ရဲများနှင့် ပြည်သူ့စစ်များ စောင့်သော ဂိတ်ဖြစ်ကြောင်းလည်း သိရပါတယ်။

Leave a Reply

*