မူဆယ်မြို့မှာ သေနစ်ပစ်ခတ်မှုဖြစ်ပွားခဲ့

မူဆယ် ပန်ခမ်း၊ ပန်ဆယ် အလောင်းကစားဝိုင်းတွင် ဇန်နဝါရီ (၆) ရက်နေ့ မနက် ငါးနာရီအချိန်ခန့်တွင် အမည်မသိရှိရသေးတဲ့ လက်နက်ကိုင်ဆောင်ထားတဲ့အဖွဲ့က သေနတ်လာရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။

သေနတ်ပစ်ခတ်သူများ ဘယ်သူဘယ်ဝါဆိုတာမသိရှိရသေးကာ ထိခိုက်သူမရှိပေမယ့် မူဆယ်ဒေသတွင်း ပစ်ခတ်မှုတွေမကြာခဏဆိုသလိုဖြစ်ပွားနေတာကြောင့် ဒေသခံများအတွက်ကတော့ စိုးရိမ်စရာအဖြစ် ရှိနေပါတယ်။

ပစ်ခတ်မှုဖြစ်ပွားရာနေရာက မန်ခမ်းတံတားအနီး ပြည်သူ့စစ်အဖွဲ့နဲ့ မြန်မာစစ်တပ်တို့ အခြေချစောင့်ကြည့်နေရာတွင်ဖြစ်ကာ တစ်ဖက်နဲ့တစ်ဖက်အခွန်ကိစ္စနဲ့သက်ဆိုင်ပြီး ပစ်ခတ်ကြတာဖြစ်နိုင်ကြောင်း ဒေသခံများကခန့်မှန်းနေကြပါတယ်။

နိုဝင်ဘာလတွင်လည်း မူဆယ်မြို့တွင်းရှိ နေရာနှစ်ခုတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပါသေးတယ်။

Leave a Reply

*