ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ၃၃ဦးကို ယနေ့ ဇူလိုင် ၃ ရက်တွင် ထပ်မှန် စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါတယ်။ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့ ဖြစ်တာကြောင့် လူနေထူထပ်ပြီး လူအမျိုးအစားပေါင်းစုံ၊ ဒေသပေါင်းစုံက အဝင်အထွက်ပြုလုပ်တဲ့ မြို့ဖြစ်တာကြောင့် ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းသင့်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

“မနေ့ကထိတော့ လူနာ ၇၄ယောက်ပေါ့ ဒီနေ့ကျ ၃၃ယောက်ထပ်တွေ့တယ် တော်တော်ဆိုးရွာတဲ့ အခြေအနေတစ်ခုကို ရောက်နေပြီ ကျန်းမာရေး စီစစ်မှုတွေကို ဒီထပ်ပိုပြီး တင်းကြပ်အောင် ဆောင်ရွက်သင့်နေပြီ” လို့ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မူဆယ်မြို့တွင် ပိုးတွေ့လူနာ စုစုပေါင်း ၁၀၇ဦး ရှိနေပြီဖြစ်သလို သေဆုံးသူ ၂ဦး ရှိနေပြီဖြစ်တာကြောင့် အချိန်မှီ ထိန်းချုပ်ရေး ဆောင်ရွက်ဖို့ ဒေသခံများက လိုလားနေကြတာဖြစ်ပါတယ်။
ယနေ့ည ည၈နာရီခန့်အချိန်တွင်လဲ မူဆယ်မြို့ ခရိုင်တရားရုံအနီးနဲ့ လေယာဉ်ကွင်းအနီးတွင် ဗုံး နှစ်လုံး ပေါက်ကွဲမှု ရှိခဲ့ကာ ထိခိုက်ပျက်ဆီးမှုများကိုမူ အတိအကျမသိရသေးပါဘူး။
မျက်မြင်တွေ့ရှိသူတစ်ဦးကတော့ “လူ ၃ယောက်လောက် သုံးဘီးနဲ့ရောက်လာပြီး လာလုပ်သွားကြတာ” လို့ ပြောပါတယ်။