မုံးကိုးဒေသဘက် စစ်ကောင်စီ အင်အားအလုံးအရင်းတိုးချဲ့

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးဒေသတွင် ကေအိုင်အေ၊ ကိုးကန့်တပ်မတော်တို့နဲ့ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မကြာခဏဆိုသလို တိုက်ပွဲများပြင်းထန်နေခဲ့တာဖြစ်ပြီး မုံးကိုး-ဖောင်းဆိုင်ဒေသရှိ ပြည်သူများကလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ကြရတာဖြစ်ပါတယ်။

ဓာတ်ပုံ – မုံးကိုးဒေသဘက် သွားနေတဲ့ စစ်ကောင်စီယာဉ်တန်း

စက်တင်ဘာ ၂၃ ရက် ယနေ့တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များက အင်အားအလုံးအရင်းဖြင့် မုံးကိုးဒေသရှိ ကျေးရွာအချို့တွင် ဝင်ရောက်ဖျက်ဆီးမှုတွေ ပြုလုပ်နေခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။

စစ်ကောင်စီရဲ့ စစ်အင်အား လက်နက်ခဲယမ်းအပြည့်တင်ဆောင်လာတဲ့ စစ်ယာဉ် ၃၆ စီးနဲ့ တင့်ကား ၂ စီးပါတဲ့ စစ်ယာဉ်တန်းက ပန်ဆိုင်းမြို့ကနေ မုံးကိုးမြို့ဘက် ဦးတည်မောင်းနှင်သွားခဲ့သလို ကောင်းစထီးရွာကိုလည်း ဝင်ရောက်မွှေနှောက်ဖျက်ဆီးမှုတွေ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။

“စစ်ကောင်စီအဖွဲ့ရဲ့ စစ်ကား ၃၆ စီးနဲ့ တင့်ကား ၂ စီးပါတဲ့ စစ်ယာဉ်တန်း မုံးကိုးမြို့ကို ရောက်လာတယ်၊ သူတို့ စာသင်ကျောင်းအနီးနားမှာ ရပ်နားထားတာကိုလည်း တွေ့ရတယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။

ထိုအာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ယာဉ်တန်းကို နော့ဂူရွာထိပ်အရောက် ယနေ့ညနေပိုင်း ၃ နာရီခွဲခန့်တွင် ကိုးကန့်တပ်မတော်မှ ကြားဖြတ်ပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်းလည်း သိရပါတယ်။

Leave a Reply

*