မုံးကိုးတွင် ပြည်သူတစ်ဦး မြေမြုပ်မိုင်းနှင်းမိပြီး သေဆုံး

မုံးကိုးမြို့အနီးရှိ ပြောင်းဖူးခြံတစ်ခုတွင် ပြည်သူတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေတဲ့ အလောင်းကို နိုဝင်ဘာ ၈ ရက်နေ့က ဒေသခံများက တွေ့ရှိခဲ့ကြောင်း သိရပါတယ်။

သေဆုံးသွားတဲ့ Fang En Shu

သေဆုံးသွားခဲ့ရသူကတော့ မုံးကိုးမြို့ ရပ်ကွက် (၄) တွင်နေထိုင်တဲ့ တရုတ်လူမျိုး အသက် (၃၅) နှစ်အရွယ် Fang En Shu ဆိုသူဖြစ်ပြီး နိုဝင်ဘာ ၇ရက်နေ့က ပြောင်းဖူးခင်းသွားမယ်ဆိုပြီး နေအိမ်ကနေထွက်သွားပြီး အိမ်ပြန်မရောက်လာခဲ့တာဖြစ်ပါတယ်။

Fang En Shu ပျောက်ဆုံးနေခြင်းကြောင့် အိမ်သူအိမ်သားများကို နိုဝင်ဘာ ၈ရက်နေ့တွင် ဒေသခံများနဲ့ ရှာဖွေမှုလုပ်စဉ် မိုင်းစထိမှန်ပြီး သေဆုံးနေတဲ့ ရုပ်အလောင်းကိုသာ တွေ့ရှိခဲ့ကြရတာဖြစ်ပါတယ်။

“ခြံသွားပြီး ပြန်မရောက်လာခဲ့တာ ဖုန်းလည်း ဆက်လို့မရတော့ ခြံမှာ သွားရှာတော့ ဘယ်သူသတ်ထားမှန်လည်းမသိ ကျည်ရာတွေနဲ့ သေဆုံးနေတာ၊ ခေါင်းမှာလည်း ကျည်ရာတွေရှိတယ် ခြေမှာလည်းတွေ့တယ်၊ မိုင်းစလို့တော့ ထင်ရတာပဲ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားစဉ် ပေါ်တာဆွဲခံရပြီး မြေမြုပ်မိုင်းနှင်းမိတာကြောင့် သတ်ပစ်ခဲ့တာလည်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုတွေလည်း ဒေသခံတွေကြား ရှိနေပါတယ်။ အဆိုပါဒေသတဝိုက်တွင် အာဏာသိမ်း စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော်ကြား တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတာဖြစ်ပါတယ်။

 ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း မြေမြှုပ်မိုင်းနဲ့ ကြွင်းကျန်စစ်လက်နက်များ ပေါက်ကွဲမှုကြောင့် ကလေးငယ် ၅၅ ဦးအပါအဝင် အရပ်သား ၁၉၀ ကျော် သေကြေဒဏ်ရာရခဲ့ကာ အဆိုပါပေါက်ကွဲမှုများတွင် ရှမ်းပြည်နယ်မှာ အများဆုံးဖြစ်ပွားခဲ့ပြီး လူဦးရေ ၇၀ နီးပါးခန့် ဒဏ်ရာရရှိခဲ့ကြောင်း UNOCHA ကထုတ်ပြန်ထားပါတယ်။

Leave a Reply

*