မုံးကိုးတဝိုက်မှ စစ်ရှောင်ပြည်သူများ ဝမ်းရေးအတွက် နေအိမ်ပြန်လာ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုး မြို့တဝိုက်မှ စစ်ရှောင်နေရသော ပြည်သူများ နေအိမ်သို့ ပြန်လာနေကြောင်း သိရပါတယ်။

စက်တင်ဘာလ အလယ်လောက်မှစပြီး မုံးကိုးအနီးတဝိုက်မှာ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့  MNDAA တပ်များ မကြာခဏဆိုသလို တိုက်ပွဲများ ဖြစ်ပွါးခဲ့တာကြောင့် ဒေသခံပြည်သူများ တိမ်းရှောင်နေခဲ့ကြတာဖြစ်ပြီး ယခုအခါ တိုက်ပွဲများ အနည်းငယ်လျော့နည်းလာပြီး ဝမ်းရေးအတွက် ပြန်လည် လုပ်ကိုင်ရန်လိုအပ်ချက်အရ နေအိမ်ကို ပြန်လာနေကြပြီ ဖြစ်ကြောင်း သိရပါတယ်။

“မန့်ယန်၊ ဘန်မွှေးနဲ့ ဖောင်းဆိုင် က စစ်ရှောင်ပြည်သူတွေအကုန်လုံး ကိုယ့်အိမ်ကို ပြန်ကုန်ကြပြီ၊ ဒါပေမဲ့ လရှပ်ရွာက စစ်ရှောင်နေတဲ့ (၅)အိမ်လောက်ကတော့ ခလွန်မ် မှာ နေနေကြတုံးပဲ၊ မပြန်ကြသေးဘူး”လို့ မုံးကိုးမှ ပြည်သူတစ်ဦးက ဆိုပါတယ်။

ဖောင်းဆိုင်နှင့် ပန်ဆိုင်း ကြားတွင်လဲ စစ်ကောင်စီတပ်များမှ စစ်ဆေးမှုများကို တင်းကြပ်စွာ လုပ်ဆောင်နေလျက်ရှိပြီး ဖြတ်သန်းသွားလိုပါက ဗျူဟာမှူးခွင့်ပြုချက်အထိပါ ယူပြီး သွားရကြောင်း ဒေသခံ ပြည်သူတဦးက ဆိုပါတယ်။ ယခုအခါ ဖောင်းဆိုင် ရွာတွင် တင့်ကား နှစ်စီးကို ထားပြီး ထိုနေရာမှ ပစ်ခတ်ရန်ပြင်ဆင်နေကြောင်းလည်း သိရပါတယ်။

Leave a Reply

*