မုံစီးမြို့နယ်တွင် ကိုးကန့်တပ်နဲ့ အာဏာသိမ်းစစ်တပ် တိုက်ပွဲဖြစ်ပွား

ယနေ့ မေလ ၂၉ ရက်နေ့မှာလည်း ကေအိုင်အေ တပ်မဟာ (၁၀) တပ်ရင်း (၂) တည်ရှိရာ မုံစီးမြို့နယ် မိုင်းခိုင်တွင် ကိုးကန့်တပ်မတော် (MNDAA) နဲ့ အာဏာသိမ်းစစ်တပ်ကြား နှစ်ဖက်ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဗန်းမော်ခရိုင် မံစီမြို့နယ် အူလန်ပါကျေးရွာအုပ်စု ဘန်ခုံယန်ကျေးရွာနဲ့ မော်ဆွေကြား ယနေ့ မနက် ၈ နာရီခန့်တွင် အာဏာသိမ်းစစ်တပ်မှ ၁၀၅-မမ လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ကာ ထိုဒေသက ကေအိုင်အေ တပ်မဟာ (၃) တပ်ရင်း (၂၇) တည်ရှိရာနေရာဖြစ်ပြီး ပြည်သူထိခိုက်ခြင်းရှိမရှိကိုတော့ မသိရှိရသေးပါဘူး။

မိုးညှင်းမြို့နယ် ဟိုပင်မြို့တွင် တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ် ခလရ (၄၀) မှ ယမန်နေ့ ည ၉နာရီခန့်တွင် ဘေးပတ်ဝန်းကျင်ဘက် လက်နက်ကြီး ပစ်ခတ်မှု လုပ်ဆောင်ခဲ့တာကြောင့် ဒေသခံတစ်ဦးရဲ့ လယ်တောတွင် ကျရောက်ပေါက်ကွဲမှုရှိခဲ့ပါတယ်။

ယမန်နေ့ ညနေ ၂ နာရီခန့်တွင် အာဏာသိမ်းစစ်တပ်ရဲ့ နာ့ဖောတပ်စခန်းကို ကေအိုင်အေဌာနချုပ်လုံခြုံရေးတပ်ဖွဲ့များက အမြောက်ဖြင့် ၄ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သလို ထိုနောက်မှာတော့ အာဏာသိမ်းစစ်တပ်မှ ရဟတ်ယာဉ်နှစ်စီးဖြင့် စစ်လက်နက်၊ ရိက္ခာများ ထိုတပ်စခန်းဘက် ပို့ဆောင်မှု လုပ်ခဲ့ကြောင်း ရှေ့တန်းစခန်းထံမှ သိရပါတယ်။

အာဏာသိမ်းစစ်တပ်မှ မေလ လယ်ပိုင်းကစတင်ပြီး ကေအိုင်အေတပ်စခန်းရှိရာ နယ်မြေဘက် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွေ လျော့နည်းလာကာ ရေကြောင်း၊ ကုန်းကြောင်းဖြင့် စစ်အင်အား လက်နက်ခဲယမ်းဖြည့်တင်းမှုတွေကတော့ ပုံမှန်ဆိုသလို ရှိနေသေးကြောင်း သိရပါတယ်။

Leave a Reply

*