ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် မုန်းပေါ်ကျေးရွာတွင် စစ်ဘေးရှောင်လာကြတဲ့ ပြည်သူများကို ကွတ်ခိုင် လူငယ်များနဲ့ အခြားသောအကူအညီပေးတဲ့အဖွဲ့များပူးပေါင်းပြီး အခြေခံစားသောက်ကုန်အချို့နဲ့ လိုအပ်တဲ့ပစ္စည်းများကို သွားရောက်ကူညီလှူဒါန်းခဲ့ကြပါတယ်။

မုန်းပေါ်ကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူများအချို့က မိုးလုံလေလုံတဲ့ နေအိမ်တွင် နေထိုင်နိုင်ခြင်းမရှိသေးကာ မိုးကာဖြင့် ပြုလုပ်ပြီး ခိုလှုံနေကြရသူ အများအပြားရှိနေပြီး မိုးရာသီဝင်ရောက်လာပြီဖြစ်တာကြောင့် မိုးရွာသွန်းမှုများပြားဖြင့် မိုးယိုခြင်း ပျက်စီးခြင်းဖြင့် ရင်ဆိုင်ကြုံတွေ့ကြရမှာကို စိုးရိမ်နေကြရသလို အသက်မွေးဝမ်းကြောင်းအတွက်လည်း အခက်ကြုံလာရမှာကို စိုးရိမ်စွာဖြင့် နေကြရပါတယ်။
လက်ရှိ မုန်းပေါ်တွင် စစ်ဘေးရှောင်လာသူ ၈၀၀ ကျော်ရှိနေပြီး နိုင်ငံရေး စစ်ရေးအခြေအနေအရပ်က စိတ်ချရတဲ့အခြေအနေမရှိတာကြောင့် လုပ်ကိုင်စားသောက်ရေးနဲ့ မိမိနေရပ်ဒေသလုံခြုံရေးအတွက်လည်း စိုးရိမ်ပူပန်မှုတွေ ရှိနေကြပါတယ်။