မုန်ဂျီဒေသတွင် ၂ ရက်ဆက်တိုက် အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကေအိုင်အေကြား တိုက်ပွဲဖြစ်ပွား

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နဲ့ သိန္နီမြို့ကြားရှိ မန်ပိန်းကျေးရွာ အောက်ဘက်ပိုင်းတွင် ယနေ့ စက်တင်ဘာ ၆ ရက် ညနေပိုင်း ၂ နာရီခွဲခန့်တါင် အကြမ်းဖက် စစ်ကောင်စီတပ်စခန်းကို ကေအိုင်အေတပ်မဟာ (၁၀) တပ်ရင်း (၂) မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

ကေအိုင်အေတပ်မှ ဝင်ရောက်တိုက်ခိုက်ခဲ့စဉ် အကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ စစ်လေယာဉ်တစ်စီးဖြင့် ညနေပိုင်း ၃ နာရီခန့်တွင် ၃ ကြိမ် လာရောက် စစ်ကူပေးခဲ့မှုတွေ ရှိခဲ့ပေမယ် ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ကြောင်း သိရပါတယ်။

ယမန်နေ့တွင်လည်း ကေအိုင်အေတပ်ရင်း (၂)နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကြားတိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်မှ ထိခိုက်မှုတွေရှိခဲ့သေးပြီး အဆိုပါ စစ်ကြောင်းက စက်တင်ဘာ ၄ ရက်နေ့က မိုင်းပျဉ်းဘက်မျ အင်အား ၅၀ ဝန်းကျင်ဖြင့် စစ်ရေးလှုပ်ရှားနေခဲ့တာဖြစ်ပါတယ်။

စက်တင်ဘာ ၆ ရက်နေ့ မနက် ၁၀ နာရီခန့်တါင် ကေအိုင်အေတပ်မဟာ (၆) တပ်ရင်း (၉) နယ်မြေ ကောင်းဆတ်တောင်အနီးဘက်တွင် နမ့်ဖတ်ကာတပ် ခမရ (၁၂၃) တပ်က လက်နက်ကြီးဖြင့် ၁၂ ကြိမ်တိုက် ပစ်ခတ်မှု လုပ်ဆောင်နေခဲ့ကြောင်း သိရပါတယ်။

Leave a Reply

*