မိုးသားလေးတဝိုက် စစ်ရေးလှုပ်ရှားနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့  ကေအ်ိုင်အေတိုက်ပွဲဖြစ်ပွား

နိုဝင်ဘာလ ၂၂ ရက်၊ ၂၀၂၂ ခုနှစ်။

စစ်ကိုင်းတိုင်း၊ ကသာမြို့နဲ့ မိုးသားလေးတဝိုက် ယနေ့ နိုဝင်ဘာ ၂၂ ရက်နေ့ မနက် ၄ နာရီခန့်ကနေ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတပ်ကြား တိုက်ပွဲဖြစ်ပွားနေပါတယ်။

စစ်ကိုင်းတိုင်းဘက်ကနေ ကချင်ပြည်နယ်ဘက် စစ်လက်နက်ခဲယမ်းများ တင်ဆောင်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က မိုးတားလေးအနီးတဝိုက် ရပ်နားနေစဉ် ကေအိုင်အေတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကာ အသေးစိတ်အချက်လက်ကတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားမှုအပြီးတွင်လည်း အကြမ်းဖက် စစ်ကောင်စီတပ်က မိုးသားလေးအဝိုက် စစ်ရေးလှုပ်ရှားမှု ဆက်လက်လုပ်ဆောင်နေတာကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားဖို့ ရှိနိုင်သေးကြောင်း သိရပါတယ်။

ယမန်နေ့တွင်လည်း ကေအိုင်အေတပ်မဟာ (၈) နယ်မြေဘက် ၂ ကြိမ်တိုက် ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်နေခဲ့ကာ ကချင်ပြည်နယ်ဘက် စစ်လက်နက်ခဲယမ်းဖြည့်တင်းမှုတွေ ဆက်တိုက်ပြုလုပ်နေပြီး နဘား၊ ကသာ၊ ထီးချိုင့်၊ အင်းတော်စတဲ့ဒေသများတွင်လည်း မကြာခဏဆိုသလို တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

Leave a Reply

*