မိုးမောက်-လွယ်ဂျယ်လမ်းတွင် တိုက်ခိုက်ခံရတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် သေဆုံးထိခိုက်ပြီး အထိနာ

ဇန်နဝါရီလ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်။

မိုးမောက်-လွယ်ဂျယ်လမ်း လော့ဒန်ကျေးရွာအနီး ယနေ့ ဇန်နဝါရီ ၃၁ ရက်နေ့ မနက် ၈ နာရီခွဲခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၃ တပ်ရင်း ၁၅ နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်က အင်အား ၁၀၀ ကျော်ဝန်းကျင်ဖြင့် မနက် ၅ နာရီခန့်တွင် ဆယ်မိုင်ကနေ ထွက်ခွာလာတဲ့ စစ်ကြောင်းဖြစ်ပြီး လော့ဒန်တောင်ကုန်းဘက် စစ်ရေးလှုပ်ရှားလာစဉ် ကေအိုင်အေတပ်မှ မိုင်းဖြင့် ကြားဖြတ်တိုက်ခိုက်ကာ လက်နက်ဖြင့် နှစ်ဖက်အပြန်အလှန်တိုက်ခိုက်ခဲ့ကြကြောင်း သိရပါတယ်။

တိုက်ပွဲဖြစ်ပွားစဉ် အကြမ်းဖက် စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး တိုက်ပွဲဖြစ်ပွားအပြီး အနီးဝန်းကျင်ဘက် စစ်ကောင်စီတပ်မှ လက်နက်ကြီးငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေခဲ့ကြောင်း မြေပြင်သတင်းသိရှိသူက ပြောပါတယ်။

ယခင်နှစ်တုန်းကလည်း အဆိုပါလမ်းကြောင်းအတိုင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ KIA, KPDF ပူးပေါင်းတပ်ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွေ ရှိခဲ့ဘူးပါတယ်။

ကေအိုင်အေတပ်မဟာ ၉ တပ်ရင်း ၂၆ နဲ့ တပ်ရင်း ၄၄ နယ်မြေကြားရှိ ညောင်ပင်ကျေးရွာတဝိုက် ယနေ့ တွင် အကြမ်းဖက် စစ်ကောင်စီတပ် ခလရ ၄၂ မှ အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ရေးလှုပ်ရှားလာခြင်းကြောင့် အဆိုပါနယ်မြေတွင်လည်း တိုက်ပွဲများ ဖြစ်ပွားလာနိုင်ကြောင်း ပြောဆိုမှုတွေ ရှိလာနေပါတယ်။

Leave a Reply

*