သျှမ်းပြည်မြောက်ပိုင်း (Kachin Sub-State) ကွတ်ခိုင်မြို့နယ် မိုင်းယုလေးကျေးရွာသစ်က ရွာသားတစ်ဦး ဇူလိုင် ၁၂ ရက်နေ့ နေ့လည်အချိန်ခန့်တွင် မန်ဘွမ်တွင် အသင့်ထောင်ထားသောမိုင်းနင်းမိသဖြင့်ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။ ထောင်မိုင်းနင်းမိတဲ့ အသက် ၃၀ အရွယ် ရွာသားက အိမ်တွင်းအသုံးပြုဖို့ ဝါးခုတ်သွားချိန် မန်ဘွမ်ဘက်မှာ မိုင်းနင်မိခြင်းဖြစ်ကာ လက်၊ ဝမ်းဗိုက်နဲ့ အချို့နေရာများတွင် ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် လက်ရှိတွင် မူဆယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရပါတယ်။
သျှမ်းပြည်မြောက်ပိုင်း (Kachin Sub-State) ဒေသမှာ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားခြင်းကြောင့် အပြစ်မဲ့ပြည်သူတွေ ပေါ်တာဆွဲခံရခြင်း၊ မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခြင်း သေဆုံးခြင်းများနဲ့ ညှင်းပန်းနှိပ်စက်မှုတွေ ခဏခဏဖြစ်ပွားတာကြောင့် စစ်ဖြစ်ပွားတဲ့ဒေသနဲ့ အနီးတဝိုက်ကျေးရွာသားတွေက စိုးရိမ်စိတ်အပြည့်ဖြင့် သွားလာနေရကာ လုံခြုံမှုကင်းမဲ့နေရပါတယ်။
“စစ်တပ်ဆိုတော့ စစ်တပ်အချင်းချင်းတွေ့ရင် တဖက်နဲ့တဖက် တိုက်ခိုက်မှာပါပဲလေ၊ ကျတော်တို့နေရာနေရာဘက် သူတို့ထိုးစစ်ဆင်ခြင်းမရှိရင် ကျတော်တို့လည်း တိုက်မှာမဟုတ်ဘူးလေ။ ကျတော်တို့က သူတို့နေရာဘက်သွားတာလည်းမဟုတ်ဘူး၊ ရန်သူကိုရန်သူအနေဖြင့် တိုက်ခိုက်တာက ပြဿနာမဟုတ်ဘူးလေ ဒါပေမယ့် ပြည်သူတွေကို သူတို့က ဒုက္ခပေးတာ ညှင်းပန်းနှိပ်စက်တာတွေလုပ်တာကိုတော့ ကျတော်တို့ မလိုလားပါဘူး” လို့ သျှမ်းပြည်မြောက်ပိုင်း တအာန်းအမျိုးသမီးခေါင်းဆောင် ဒေါ်ခမ်းမန် ကပြောပါတယ်။
မိုင်းနှင်းမိတဲ့နေရာက လွန်ခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့ ညနေပိုင်းက TNLA တပ်ဖွဲ့နဲ့ အစိုးရတပ် တပ်မ (၉၉) တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာဖြစ်ပါတယ်။