ကေအိုင်အိုနယ်မြေ အရှေ့ပိုင်းဒေသ ဆဒုံဘွမ်ဇုံနယ် ဆွတ်ငိုင်ဇွပ်ဒေသခံများက ကြံ အစား ကြွက်နှားရွက်မှိုများကို အဓိကစိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုလျက်ရှိနေပြီဖြစ်ကြောင်း ဒေသခံများမှ သိရှိရပါတယ်။
အခုလို ကြွက်နားရွက်မှိုစိုက်ပျိုးရခြင်းရဲ့ အဓိကအကြောင်းအရင်းမှာ Covid-19 ကာလအတွင်း ကုန်ပစ္စည်းများ တင်ပို့ရန် အလွန်ခက်ခဲလာခြင်း၊ ကြံများကို တရုတ်ပြည်ဘက် တင်သွင်းမှုမရတော့သည်သာမက ကြံစိုက်ရန်အရင်းနှီးမရှိတော့သတာကြောင့် ကြွက်နားရွက်မှိုစိုက်ရခြင်းဖြစ်ကြောင်း ဒေသခံများကပြောကြပါတယ်။
” ကြံ ချည်းပဲရောင်းစားရင် ဈေးမရတော့လို့ ကြွက်နားရွက်မှိုကို စိုက်ကြလာတာပါ။ ဒီလိုမှိုမျိုးက လွန်သွားတာလဲမရှိဘူး။ ၃၊ ၄နှစ် အခြောက်ခံထားပြီးပြန်ရောင်းလို့ရတော့ ပြန်စိုက်လာကြပါတယ်” လို့ဒေသခံတစ်ဦးကပြောပါတယ်။
မိုင်ဘက် ရွာဒေသခံများသည် ကြံစိုက်ပျိုးခြင်းဖြင့် အချိန်ကြာမြင့်စွာအသက်မွေးဝမ်းကျောင်းပြုလုပ်ခဲ့ပြီး ယခု Covid-19 ကာလကြောင့် ကြံစိုက်ပျိုးသော်လည်း ကုန်သွယ်ရေးခက်ခဲမှုအမျိုးမျိုးကြောင့် ကြံထုတ်လုပ်မှုကို လျှော့ချလာပြီး ကြွက်နားရွက်မှိုကို အဓိက စိုက်ပျိုးလာခြင်းဖြစ်ပါတယ်။