မိုင်းဂျာယန်မြို့တွင်း ယာဉ်မောင်းနှင်ခွင့်ကတ်ပြားများ လုပ်ဆောင်ပေးနေ

ကေအိုင်အိုထိန်းချုပ်နယ်မြေ အရှေ့ပိုင်းတိုင်ဌာနချုပ် မိုင်ဂျာယန်မြို့တွင်း ယာဉ်မောင်းနှင်ခွင့် ကတ်ပြားများ အဆက်မပြတ် လုပ်ဆောင်ပေးနေကြောင်း မြို့တော်ကော်မတီထံမှ သိရပါတယ်။

မော်တော်ယာဉ်နဲ့ဆိုင်ကယ် မောင်းနှင်ခွင့်လက်မှတ်ရယူလိုသူများအနေဖြင့် ကေအိုင်အိုအစိုးရက ထုတ်ပေးထားတဲ့ နိုင်ငံသားစီစစ်ရေးကဒ်ရရှိထားသူဖြစ်ရမှာဖြစ်ပြီး လက်ရှိတွင် စီမံချက်ဖြင့် မောင်းနှင်ခွင့်ကဒ်ပြားများ ပြုလုပ်ပေနေခြင်းဖြစ်ကြောင်း မြို့တော်ကော်မတီ အတွင်းရေးမှူး မခါ ဂမ်အောင် ကပြောပါတယ်။

ယခင်က ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှု အချိန်ဖြစ်တာကြောင့် ယာဉ်စည်ကမ်းများ လျော့ချပေးထားခဲ့မှု ရှိပေမယ့် လက်ရှိတွင် မိုင်ဂျာယန်မြို့တွင်း လူနေထိုင်မှု များပြားလာခြင်း ကျောင်းသားများ တိုးများလာခြင်းကြောင့် ယာဉ်စည်းကမ်းများကို ထပ်မံတင်းကြပ်စွာ ကိုင်တွယ်သွားကာ ယာဉ်အန္တရာယ်မှ လွတ်ကင်းကြဖို့ ရည်ရွယ်ထားပါတယ်။

ယာဉ်စည်းကမ်းဖောက်ဖျက်သူများ၊ ယာဉ်မောင်းလိုင်စင်မရှိ မောင်းနှင်သူများ၊ ယာဉ်များကို စနစ်တကျမထားရှိသူများကို၊ ဆိုင်ကယ်တစ်စီး ၂ ဦးထက်ပိုစီးသူများ၊ အသက်မပြည့်မောင်းနှင်သူများကို ပထမအကြိမ် ဖမ်းဆီးခြင်းတွင် ပညာပေးအစီအစဉ်လုပ်ဆောင်မှာဖြစ်ပြီး ယာဉ်စည်ကမ်း လမ်းစည်ကမ်းများ တိကျစွာလိုက်နာလာနိုင်ဖို့ အပြစ်ပေးဒဏ်ပေးမှုတွေ ထပ်မံလုပ်ဆောင်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

*