ဆဒုံဘွမ်ဒေသ၊ ဆွတ်ငိုင်ဇွပ် ကျေးရွာသားများကို Wunpawng Ninghtoi (WPN ) အဖွဲ့အနေဖြင့် မြေမြုပ်မိုင်းနဲ့သက်ဆိုင်တဲ့ သိရှိထားနိုင်မည့်အကြောင်းအရာများကို အသိပညာပေးဟောပြောမှု တစ်ခုပြုလုပ်ခဲ့ပါတယ်။
ဒေသခံများရဲ့ အသက်ဘေးလုံခြုံမှုရှိစေဖို့ မိမိကိုယ်ကိုယ်သတိထားနိုင်ဖို့ ရည်ရွယ်ပြီး မြေမြုပ်မိုင်း၊ လက်နက်လက်ကျန်များကို သတိလက်လွတ် လွင့်ပစ်ခြင်းမပြုလုပ်ပဲ ဂရုတစိုက်လုပ်ဆောင်ဖို့နဲ့ ဒေသခံများသိသင့်သိထိုက်သောအကြောင်းအရာများကို ပြောကြားခဲ့သလို လူထုအလင်းအဖွဲ့အနေဖြင့် ဂျုံခေါက်ဆွဲနဲ့ နှာခေါင်းစည်းများကိုလည်း မျှဝေခဲ့တယ်လို့ ဒေသတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။