မိုင်ဂျာယန်မြို့နယ်တွင် ဖွင့်လှစ်သင်ကြားနေတဲ့ Institute of Liberal Arts and Sciences ကျောင်းဆင်းပွဲကို ဧပြီ ၁၅ ရက် ယနေ့မနက် ၁၀ နာရီက ကျောင်းဝင်းတွင် ကျင်းပခဲ့ပါတယ်။

ILAS ကျောင်းဆင်း ကျောင်းသား (၇၈) ဦးရှိကာ ထိုကျောင်းဆင်းပွဲမှာတော့ Mai Ja Yang Institute of Education (MIED) မှ ကျောင်းအုပ်ဆရာကြီး N Ngye La Raw တက်ရောက် အမှာစကားပြောဆိုခဲ့သလို ကေအိုင်အို အရှေ့ပိုင်းဌာနချုပ်မှ တာဝန်ရှိသူများ၊ မိုင်ဂျာယန်မြို့ အတွင်းရေးမှူးတွေလည်း ကျောင်းဆင်းပွဲကို ပါဝင်ခဲ့ကြပါတယ်။
ဒီကျောင်းမှာတော့ kaw Intensive English Program, Diplopma In English Program, နဲ့ Diploma and Liberal Art Program စတဲ့ဘာသာရပ်သုံးခုကို သင်ကြားပို့ချပေးနေတာပဲဖြစ်ပါတယ်။
ယခင်နှစ်မှာတော့ သင်ကြားရေးကို ဧပြီလကုန်အထိ ကျောင်းတက်ရက်သတ်မှတ်ခဲ့ကာ မေလ ဒုတိယပတ်တွင် ကျောင်းဆင်းပွဲပြုလုပ်ခဲ့ပေမယ့် ယခုနှစ်မှာတော့ နိုင်ငံရေးအခြေအနေအရပ်ရပ်ကြောင့် ကျောင်းဆင်းပွဲကို အလျင်အမြန်ပြုလုပ်ခဲ့ရခြင်းဖြစ်ကြောင်း ILAS ကျောင်းဆရာ မရစ် ဇောင်နူးအောင် ကပြောပါတယ်။
၂၀၀၁ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တဲ့ ILAS ကျောင်းတွင် ယနေ့အချိန်ထိ ကျောင်းသား (၉၀၀) ကျော်ကို သင်ကြားပို့ချပေးခဲ့ပြီးဖြစ်ကာ ထိုထဲမှအချို့သောကျောင်းသားများကလည်း နိုင်ငံရပ်ခြားဘက် ပညာဆက်လက်ဆည်းပူးခြင်းများလုပ်ဆောင်ပြီး ILAS ကျောင်းတွင် ပြန်လည်တာဝန်ထမ်းဆောင်နေသူများစွာရှိနေပြီပဲဖြစ်ပါတယ်။