မိုင်ဂျာယန် အမျိုးသားပညာရေးတက္ကသိုလ် ကျောင်းဖွင့်ရက်သတ်မှတ်

မိုင်ဂျာယန်မြို့တွင် ဖွင့်လှစ်သင်ကြားနေတဲ့ အမျိုးသားပညာရေးတက္ကသိုလ်ရဲ့ ၂၀၂၀ – ၂၀၂၁ ခုနှစ် ပညာသင်နှစ်ကာလကို ဩဂုတ်လ ၃ ရက်နေ့ကစပြီး ဖွင့်လှစ်သင်ကြားသွားမှာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။ ကေအိုင်အိုအစိုးရ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နှိမ်နှင်းရေးကော်မတီ စောင့်ကြည့်နေရာဖြစ်တဲ့ မဂါ့ယန်၊ ရှအစ်ယန်၊ ပါ့ဂျောင်၊ လိုင်ဇာမြို့တဝိုက်၊ ဒုန်ဘုံ၊ အင်ကောင်းပါ၊ အင်ဘာပါနဲ့ မိုင်ဂျာယန်မြို့တဝိုက်က MIEd ကျောင်းသားများအနေဖြင့် ကျောင်းတက်ဖို့ စာရင်းပေးသွားထားသူများအပြင် ကေအိုင်အိုနယ်မြေမဟုတ်တဲ့ အခြားနယ်မြေက ကျောင်းသားများကတော့ E-Div COVID-19 ရောဂါကာကွယ်နှိမ်နှင်းရေးကော်မတီက စီစဉ်ပေးထားတဲ့ စောင့်ကြည့်ရေးနေရာများတွင်  ကျန်းမာရေးစောင့်ကြည့်ခံရမှာဖြစ်ပါတယ်။

 ထိုသူများအနေဖြင့် ဇူလိုင် ၁၅ မှ ၁၉ ရက်နေ့အတွင်း နောက်မကျစေပဲ အရောက်လာဖို့လိုအပ်ပြီး နှာခေါင်းစည်းနဲ့ လက်သန့်ရေးရည်များကိုလည်း တတ်နိုင်သမျှယူဆောင်လာကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ကျောင်းဖွင့်ချိန်ကို နှစ်စဉ်နှစ်တိုင်း ဇွန်လကနေ အောက်တိုဘာလ အထိတစ်ချိန်၊ ဒီဇင်ဘာလကနေ ဧပြီလအထိ တစ်ချိန် စသည်ဖြင့် သတ်မှတ်ထားပေမယ့် ယခုနှစ်မှာတော့ ကိုဗစ်-၁၉ ကြောင့် ဩဂုတ်လကို ရွေ့ဆိုင်းလိုက်ရခြင်းဖြစ်ပါတယ်။

Leave a Reply

*