မိုင်ဂျာယန်မြို့ရှိ ကိုဗစ်ကူးစက်ခံခဲ့ရသူ ၁၂၈ ဦး နေအိမ်ပြန်ခွင့်ရပြီ

ကိုဗစ်-၁၉ ကပ်ရောဂါ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတွင် ရောဂါပိုးရှိသူ မရှိတဲ့ မိုင်ဂျာယန်မြို့တွင် ယနေ့ဖြစ်ပေါ်နေတဲ့ တတိယလှိုင်းမှာတော့ အများအပြား ရောဂါကူးစက်ခြင်းခံရကာ လက်ရှိ ကိုဗစ်-၁၉ ရောဂါပိုးရှိပြီး ပျောက်ကင်းသက်သာလာသူ ၁၂၈ ဦးကိုတော့ ဩဂုတ်လ ၅ ရက်နေ့မှာ ကျန်းမာရေးစောင့်ကြည့်စင်တာကနေ နေအိမ်ပြန်ခွင့်ပြုလိုက်ပြီပဲ ဖြစ်ပါတယ်။

လက်ရှိအိမ်ပြန်ခွင့်ရရှိသူများကတော့ ကိုဗစ်ပိုးတွေ့ရှိခဲ့ရပြီးနောက် ပိုးမရှိကြောင်းပြသအပြီး ရက်ပေါင်း ၁၄ ရက်ကြာ ကျန်းမာရေးစောင့်ကြည့်ခံယူပြီး နောက်ဆုံးအကြိမ် ကိုဗစ်ရှိမရှိထပ်မံစစ်ဆေးပြီး ကျန်းမာရေးကောင်းမွန်ကြောင်း ဖော်ပြပြီး ပြန်ခွင့်ရတာဖြစ်ပါတယ်။

ထို့ပြင် ကိုဗစ်ကူးစက်ခံရခြင်းမှ ပျက်ကင်းသက်သာပြီး အိမ်ပြန်ခွင့်ရသူများအနေဖြင့် မိမိနေရပ်တွင် ကိုဗစ်စည်းကမ်းများ လိုက်နာကျင့်သုံးကာ ၁၀ ရက် ဝန်းကျင် ပြင်ပထွက်ခွာခြင်းမပြုလုပ်ပဲ နေအိမ်တွင်းနေထိုင်ဖို့ မှာကြားခဲ့ပြီးဖြစ်သလို ကိုဗစ်ပိုးတွေ့ရှိတဲ့ နေအိမ်များကိုတော့ အသွားအလာကန့်သတ် Lockdown ပြုလုပ်ခြင်း ဖြေလျော့ပေးလိုက်ပေမယ့် ရပ်ကွက်အလိုက် မြို့အလိုက် အသွားအလာကန့်သတ်ခြင်းကိုတော့ ဆက်လက်လုပ်ဆောင်ထားဆဲ ဖြစ်ပါတယ်။

ကေအိုင်အိုထိန်းချုပ်နယ်မြေတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးအပ်နေပြီး လိုင်ဇာမြို့တွင် ၅၂ ဦး၊ မိုင်ဂျာယန်မြို့တွင် ၇၅၇ ဦး၊ ဆဒုံမြို့တွင် ၂၁ ဦး ရှိနေပြီဖြစ်ကြောင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်နှိမ်နှင်းရေး ဗဟိုကော်မတီထံမှ သိရပါတယ်။

Leave a Reply

*