မိုင်ဂျာယန်မြို့နေပြည်သူများအားလုံးကို ကိုဗစ်ရှိမရှိ စစ်ဆေးပေးနေပြီ

ကေအိုင်အို ထိန်းချုပ်နယ်မြေ အရှေ့ပိုင်းတိုင်ဌာနချုပ် မိုင်းဂျာယန်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ တွေ့ရှိထားတာကြောင့် မြို့တွင်း နေထိုင်သူများအားလုံးကို ယနေ့ ဇူလိုင် ၉ ရက်နေ့ကနေ စတင်ပြီး ကိုဗစ်ရောဂါပိုးရှိမရှိ စစ်ဆေးပေးနေပြီ ဖြစ်ကြောင်း သိရပါတယ်။

လွန်ခဲ့သောရက်တွေတုန်းက မိုင်ဂျာယန်မြို့ကို ဝင်ရောက်လာပြီး ကျန်းမာရေးစောင့်ကြည့်ခြင်းခံယူနေသူ ၂ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးရှိကြောင်း တွေ့ရှိခဲ့အပြီး ယခုလို လုပ်ဆောင်လာရခြင်းဖြစ်ကာ မိုင်ဂျာယန်မြို့နေ ပြည်သူအများစုကတော့ ကိုဗစ်ကာကွယ်ဆေးထိုးနှံထားပြီးလည်း ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူများကိုလည်း ပိုးရှိမရှိ ထပ်မံစစ်ဆေးပေးမှာဖြစ်ပြီး ကလေး၊ လူငယ်၊ လူကြီးအားလုံးကို စစ်ဆေးပေးသွားဖို့ရှိနေကြောင်း အရှေ့ပိုင်းတိုင်းဌာနချုပ် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်နှိမ်နှင်းရေးကော်မတီထံမှ သိရပါတယ်။

နှာခေါင်းတို့ဖတ်ရယူစစ်ဆေးခံယူကြမည့် ပြည်သူများထဲမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသူများကိုတော့ ကိုဗစ်ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွားဖို့ ရှိနေပါတယ်။

မိုင်ဂျာယန်မြို့မှာတော့ ဇူလိုင် ၁၄ ရက်နေ့အထိ လူစုလူဝေးဖြစ်စေမည့်အရာမှန်သမျှနဲ့ မြို့တွင် ဝင်ရောက်မှုကိုလည်း တားဆီးထားပိတ်ပင်ထားတာဖြစ်ပြီး မြို့တွင်းရှိ အခြေခံပညာကျောင်းများနဲ့ တက္ကသိုလ် စာသင်ကျောင်းများအားလုံးကိုလည်း ရပ်နားထားပါတယ်။

Leave a Reply

*