မိုင်ဂျာယန်မြို့နယ်နှင့် ဆင်လုံဘွမ်ဇုံနယ်အသစ် သတ်မှတ်ဖွင့်လှစ်

ကေအိုင်အိုအစိုးရ အထွေအထွေအုပ်ချုပ်ရေးဌာန အရှေ့ပိုင်းဌာနချုပ်မှ တိုက်ရိုက်အုပ်ချုပ်တဲ့ မိုင်ဂျာယန်ဒေသကို မိုင်ဂျာယန်မြို့နယ်အဖြစ်အဆင့်မြင့်တင် ဆုတောင်းခြင်းအခမ်းအနားနဲ့ ဆင်လုံဘွမ်ဇုံနယ်သစ် ဖွင့်လှစ်ခြင်းကို ဇူလိုင်လ ၃၀ ရက်နေ့က ထွယ်ဂင်တောင်ခန်းမတွင် ပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားအဖွင့်မှာတော့ နယ်မြေသတ်မှတ်ခြင်း အမိန့်စာတမ်းကို ဖတ်ကြားခဲ့ကာ အုပ်ချုပ်ရေးမှူဌာန တာဝန်ခံ ဆရာကြီး လဗျတန်ဂွန်အနေဖြင့် အဖွင့်အမှာစကားပြောကြားခဲ့ကာ ဆရာကြီးနော်မိုင်ကနေပြီးတော့ မြို့နယ်သစ်နဲ့ နယ်သစ်ကို အလံတော်နှင့်အတူ ကချင်ဓားကို အပ်နှံပေးခဲ့ပါတယ်။

ဇွန်လ ၁၁ ရက်နေ့တုန်းက ကေအိုင်အိုအစိုးရအနေ အထွေထွေအုပ်ချုပ်ရေးဌာနကနေ မိုင်ဂျာယန်နယ်မြေကို ပယ်ဖျက်ကာ မြို့နယ်အဖြစ် အဆင့်မြင့်တင်ခဲ့ခြင်းဖြစ်ကာ ဆင်လုံဘွမ်ဇုံနယ်ကိုလည်း ကချင်ပြည်လွတ်မြောက်ရေးကောင်စီကနေ ဖွင့်လှစ်သတ်မှတ်လိုက်ခြင်းဖြစ်ပါတယ်။

Leave a Reply

*