မိုင်ဂျာယန်မြို့တွင် မူးယစ်ဆေးဝါးဆိုင်ရာ ပညာပေးလုပ်ဆောင်

မိုင်ဂျာယန်မြို့ရှိ မနောကွင်းခန်းမတွင် ဒီဇင်ဘာ ၁၅ ရက်နေ့က မိုင်ဂျာယန်လူငယ်ကော်မတီ ဦးဆောင်ပြီး မူးယစ်ဆေးဝါးနှိမ်နှင်းရေးအသိပညာပေး အစီအစဉ်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

မူးယစ်ဆေးဝါးနှိမ်နှင်းပပျောက်ရေးနဲ့သက်ဆိုင်ပြီး နှိမ်နှင်းရေးဆိုင်ရာဥပဒေများကို အဓိကထား ပြောဆိုခဲ့ကာ မြို့တွင်းရှိ လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းပပျောက်ကာ ကျန်းမာသွက်လတ်သော လူငယ်တွေဖြစ်တည်လာဖို့ ယခုလို လူငယ်ကော်မတီက ဦးဆောင်ပြီး ဟောပြောခြင်းဖြစ်တယ်လို့ လူငယ်ခေါင်းဆောင်ဖြစ်တဲ့ လဘန်လုဆန်ကပြောပါတယ်။

ဒီအခမ်းအနားကိုတော့ မြို့တွင်းရှိ လူငယ် (၉၅) ဦးလာရောက်ပါဝင်ခဲ့ကာ မိုင်ဂျာယန်လူငယ်ကော်မတီကိုတော့ ယခုနှစ် ဩဂုတ်လတွင် စတင်တည်ထောင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

Leave a Reply

*