ကေအိုင်အိုထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မြို့ ဂျာရာယန်ကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲစစ်ဆေးနိုင်တဲ့ (PCR) စက်ကို ထားရှိဖို့ ပြင်ဆင်နေကာ တပ်ဆင်မှုပြီးစီးတော့မှာဖြစ်ကြောင်း ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်နှိမ်နှင်းရေး အရှေ့ပိုင်းဌာနချုပ်ကော်မတီ ကပြောပါတယ်။

မိုင်ဂျာယန်တွင် ကိုဗစ်-၁၉ ကင်းစင်ဖို့ ပြည်သူများကို ရောဂါပိုးရှိမရှိ စစ်ဆေးရှာဖွေနိုင်ဖို့ ဓာတ်ခွဲစစ်ဆေးတဲ့စက်မရှိတာကြောင့် ပိုးရှာဖွေမှု လုပ်ငန်းစဉ်များနောက်ကျခြင်းကို ဖြေရှင်းနိုင်ဖို့ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်နှိမ်နှင်းရေး ဗဟိုကော်မတီရဲ့ စီမံချက်ဖြင့် ဆောင်ရွက်နေတာဖြစ်ပါတယ်။
ထို့ပြင် ကိုဗစ်-၁၉ ကူးစက်ခံထားရပြီး ကျန်းမာရေးဆိုးရွာလာသူများကို ဓာတ်ခွဲကုသပေးနိုင်ဖို့အထိ ရည်ရွယ်တဲ့ ဆေးကုသခန်းကိုလည်း ပြင်နေပါတယ်။
“ကျတော်တို့ ပြင်ဆင်နေတာကတော့ ကိုဗစ်-၁၉ ရောဂါပိုးရှိသူတွေ ရုတ်တရက်ကျန်းမာရေးဆိုးရွာလာရင်လည်း သီးသန့်ကုသမှုပေးနိုင်ဖို့ ဓာတ်ခွဲခန်းဆိုင်ရာ X-Ray စက်, ICU နေရာတွေကိုလည်း ပြင်ဆင်နေပါတယ်” လို့ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်နှိမ်နှင်းရေး အရှေ့ပိုင်းဌာနချုပ်ကော်မတီမှ ဒေါက်တာဇော်ဘောက် ကပြောပါတယ်။
လက်ရှိအချိန်တွင် မိုင်ဂျာယန်မြို့တွင်း ကိုဗစ်ကူးစက်ခံထားရပြီး ဆေးဝါးကုသမှုခံယူနေသူ ၄၇၁ ဦးရှိနေပါတယ်။