ကေအိုင်အိုထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မြို့တွင် ဩဂုတ်လ ၉ ရက်နေ့ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ၃၈၀ ဦးကို ရှာဖွေတွေ့ရှိ စစ်ဆေးနိုင်ခဲ့ကြောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်နှိမ်းနှင်းရေး အရှေ့ပိုင်းကော်မတီထံမှ သိရပါတယ်။

လက်ရှိရောဂါပိုးတွေ့ရှိထားသူများက ယခင်တစ်ကြိမ်စစ်ဆေးချိန် ပိုးမရှိအဖြေထွက်ထားသူများဖြစ်ကာ နောက်တစ်ကြိမ်ထပ်မံစစ်ဆေးချိန်မှာ ပိုးရှိကြောင်းအဖြေထွက်လာတာဖြစ်ပြီး ထိုအထဲမှ ၃၁၆ ဦးကတော့ Mungmyit Sinli ဘော်ဒါကဖြစ်ကြပြီး အချို့သောကျောင်းမှ ကျောင်းသားများလည်း ပါဝင်ကြပါတယ်။
ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရသူများကို ကျန်းမာရေးစောင့်ကြည့် ဆေးဝါးကုသမှုပေးအပ်နေတာဖြစ်ပြီး နောက်ထပ် စစ်ဆေးထားသူ အယောက် ၁၀၀၀ ကျော်ရဲ့ အဖြေများလည်း မသိရှိရသေးပါဘူး။
မိုင်ဂျာယန်မြို့ရှိ ကျန်းမာရေးစောင့်ကြည့်စင်တာတွင် ဆေးဝါးကုသမှုခံယူနေသူ ၆၈၂ ဦးရှိနေပြီး ပိုးမရှိကြောင်း အဖြေထွက်ထားပြီး ထပ်မံစောင့်ကြည့်သူကလည်း ၂၃၂ ဦးရှိနေကာ မြို့တွင် ကိုဗစ်ပိုးရှိမရှိ စစ်ဆေးမှုများကိုလည်း အရှိန်အဟုန်မြင့်လုပ်ဆောင်နေကာ ရပ်ကွက်အလိုက်နဲ့ မြို့ကိုလည်း အသွားအလာကန့်သတ်မှုတွေ လုပ်ဆောင်ထားပါတယ်။