ကေအိုင်အို ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မြို့တွင် ယနေ့ ဇူလိုင် ၁၆ ရက်နေ့ ကိုဗစ်-၁၉ ရောဂါစစ်ဆေးမှု ပြုလုပ်စဉ် ပိုးရှိသူ (၁၇) ဦးကို ထပ်တိုး စစ်ဆေးနိုင်ခဲ့ကာ လက်ရှိအချိန် ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၂၀၄) ဦးအထိ ရောက်ရှိသွားပြီပဲ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရပြီး ပြန်လည်သက်သာလာသူကတော့ (၄၄) ဦးရှိကြောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်နှိမ်နှင်းရေး အရှေ့ပိုင်းတိုင်းကော်မတီထံမှ သိရပါတယ်။
ထို့အပြင် မိုင်ဂျာယန်မြို့တွင်း ကိုဗစ်-၁၉ ရောဂါပိုးရှိသူများကို ကုသရေးပြုလုပ်ပေးနိုင်ဖို့ ကေအိုင်အိုကျန်းမာရေးဌာနချုပ်မှ ဆေးဝန်ထမ်း (၂၃) ဦးလည်း လက်ရှိအချိန်တွင် မိုင်ဂျာယန်မြို့တွင် ရောက်ရှိနေပြီဖြစ်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများကို ပူးတွဲလုပ်ဆောင်သွားမှာပဲ ဖြစ်ပါတယ်။
ကေအိုင်အို ကျန်းမာရေးဌာနချုပ်မှ ရောက်ရှိလာသူများထဲတွင် ဒေါက်တာ ၁၈ ဦး၊ သူနာပြု ၅ ဦးဖြစ်ကာ ဇူလိုင် ၁၅ ရက်နေ့ကနေစတင်ပြီး အရှေ့ပိုင်းတိုင်းဌာနချုပ်ရှိ ဆရာဝန်များနဲ့အတူ လက်တွဲပြီး ကိုဗစ်-၁၉ ရောဂါရှိသူများနဲ့ အသွားအလာကန့်သတ်ထားရှိတဲ့ နေရာများတွင် ဆေးစစ်ခြင်း၊ ဆေးဝါးကုသပေးခြင်းများကို လုပ်ဆောင်သွားမှာပါ။
လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နှိမ်နှင်းရေး ဗဟိုကော်မတီအတွင်းရေးမှူးနဲ့ ရုံးတာဝန်ရှိသူများ၊ တရုတ်နိုင်ငံ လုံချောင်းပြည်နယ်ရှိ ကြက်ခြေနီအသင်းကလည်း လာရောက်ကူညီမှု ပြုလုပ်နေကြောင်း သိရပါတယ်။