မိုင်ဂျာယန်ဘော်ဒါကျောင်းတွင် ကျောင်းသား ၁၄၉ ဦး ကိုဗစ်ကူးစက်ခံရ

မိုင်ဂျာယန်သာသနာဘော်ဒါကျောင်းတစ်ခုရှိ ကျောင်းသား (၁၄၉) တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရခြင်းကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်နှိမ်နှင်းရေး အရှေ့ပိုင်းဒေသကော်မတီထံမှ သိရပါတယ်။

ယခုတွေ့ရှိရတဲ့စာရင်းအရ ဘော်ဒါကျောင်းတစ်ခုရဲ့ သီးသန့်စာရင်းများဖြစ်ကာ ကိုဗစ်ရှိမရှိစစ်ဆေးမှုတွေလုပ်ဆောင်နေသေးတာကြောင့် ကိုဗစ်-၁၉ ရောဂါပိုးရှိသူစာရင်း ထပ်တိုးဖို့ ရှိနေသေးကြောင်း သိရပါတယ်။

လက်ရှိအချိန်မှာတော့ မိုင်ဂျာယန်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုခံယူနေသူ ၈၃၅ ဦးရှိတဲ့အထဲမှ ရောဂါပိုးကင်းစင်လာသူ ၁၇၃ ဦးရှိနေပြီဖြစ်ကာ ထိုသူများကိုတော့ သီးသန့်ထားရှိကာ ကျန်းမာရေးစောင့်ကြည့်မှု ထပ်မံလုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါပိုးရှိသူများကိုတော့ ဖက်ဒရယ်ဥပဒေကျောင်း၊ မိုင်ဂျာယန်ကောလိပ်ကျောင်း၊ ကက်သလစ်ဘော်ဒါဆောင်၊ ဖာသာဘော်ဒါဆောင်နဲ့ ဥပဒေကျောင်းအနီးရှိ နေရာများတွင် ကျန်းမာရေးစောင့်ကြည့်နေရာများသတ်မှတ်ပြီး ဆေးဝါးကုသမှုပေးအပ်နေတာဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ရှာဖွေစစ်ဆေးထားနိုင်တဲ့ ကေအိုင်အိုထိန်းချုပ်နေရာများကတော့ ကေအိုင်အိုဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်းဌာနချုပ်၊ တောင်ပိုင်းတိုင်းဌာနချုပ်၊ ပူတာအိုခရိုင်၊ အရှေ့တောင်ပိုင်းဌာနချုပ်၊ လော်ခေါင်ခရိုင်နယ်မြေများဖြစ်ကာ ထိုဒေသများတွင် ခရီးသွားလာခြင်းတွေပိတ်ပင်ထားဆဲဖြစ်ပါတယ်။

Leave a Reply

*