မိုင်ဂျာယန်ပညာရေးကောလိပ်တွင် အာဇာနည်နေ့အခမ်းအနားပြိုင်ပွဲကျင်းပ

ဩဂုတ်လ (၁၀) ရက်နေ့မှာ ကျရောက်တဲ့ ကချင်အာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် မိုင်ဂျာယန်ပညာရေးကောလိပ်မှာ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတိုပြိုင်ပွဲကို ပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားအဖွင့်မှာတော့ ကေအိုင်အို ဥက္ကဋ္ဌရဲ့ မိန့်ခွန်းကို ဖတ်ကြားခြင်း၊ အာဇာနည်နေ့ရဲ့ အဓိပ္ပါယ်ကိုပြောပြခြင်းအပြင် ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတို၊ ပန်းချီနဲ့ ကာတွန်ဆွဲပြိုင်ပွဲတွေကို ပြုလုပ်ခဲ့ပြီး ဆုရကျောင်းသားများကို ချီးမြင့်ခဲ့ပါတယ်။

“ဒီပြိုင်ပွဲ ငါးမျိုးကို ယှဉ်ပြိုင်စေပြီး နံပါတ် ၁၊ ၂၊ ၃ ဆိုပြီး ပေးတယ်၊ ပါဝင်ဆုလည်းပေးပါတယ်၊ နံပါတ်ရတဲ့သူတွေရဲ့ ကောင်းမွန်တဲ့လက်ရာတွေကို ဒီနှစ်ထုတ်ဝေမယ့် ဂျာနယ်မှာ သူတို့ဆွဲထားတဲ့ ပန်းချီတွေ၊ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတိုတွေကို ထည့်သွင်းပြီး လူများစွာကို ကြည့်ရှုခံစားနိုင်ဖို့ လုပ်ဆောင်သွားမှာပါ” လို့ မိုင်ဂျာယန်ပညာရေးကောလိပ် စာပေအဖွဲ့ခေါင်းဆောင် တန်ဘောင်ခေါင်လွမ့် ကပြောပါတယ်။

လက်ရှိအချိန် မိုင်ဂျာယန်ပညာရေးကောလိပ်တွင် ကျောင်းသားဦးရေ ၄၇၇ ဦးပညာဆည်းပူးနေကြတာဖြစ်ပြီး ကျောင်းကို ဩဂုတ်လ ၃ ရက်နေ့ကစတင်ပြီး ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

*