မိုင်ဂျာယန်ကောလိပ် ဘွဲ့နှင်းသဘင်ကျင်းပ ၄၄ ဦး ဘွဲ့လက်ခံရယူ

ကေအိုင်အိုအစိုးရ ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ မိုင်ဂျာယန်ကောလိပ်ရဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့ ဧပြီ ၄ ရက်နေ့တွင် ကျောင်းဝင်းအတွင်းရှိခန်းမဆောင်တွင် ပြုလုပ်ခဲ့ပါတယ်။

ယခုနှစ်အတွက် မိုင်ဂျာယန်ကော်လိပ်မှ ဘွဲ့ရကျောင်းသားက ၄၄ ဦးရှိတာဖြစ်ပြီး Bachelor of Arst in Political Science ဖြင့် ၅ ဦး၊ Bachelor of Arst In English ဖြင့် ၇ ဦး၊ Bachelor of Arst in Environmental Science ဖြင့် ၈ ဦး၊ Bachelor of Arst in Science In Computer ကတော့ ၁၄ ဦးရှိခဲ့ကာ Bachelor of Arst in Development Studies ဖြင့် ၁၀ အထိ ရှိခဲ့ကာ အသီးသီးဘွဲ့လက်ခံရယူခဲ့ကြပါတယ်။

၂၀၁၅ ခုနှစ်ကနေ စတင်ဖွင့်လှစ်ခဲ့တဲ့ မိုင်ဂျာယန်ကောလိပ်တွင် အဓိကအားဖြင့် ဘာသာရပ် ၅ ခုကို ပို့ချသင်ကြားပေးနေတာဖြစ်ပြီး ၂၀၂၀ စာသင်နှစ်က စတင်ပြီးတော့ Diploma in Journalism Program ကိုလည်း ပို့ချပေးနေပြီဖြစ်ကာ မိုင်ဂျာယန်ကောလိပ်ကနေ ဘွဲ့ရကျောင်းသားဦးရေက လက်ရှိအချိန်ထိ ၁၈၅ ဦးရှိနေပြီဖြစ်ကာ နယ်ပယ်အသီးသီးမှာ လက်တွေ့ အသုံးချနေကြပြီလည်း ဖြစ်ကြောင်း သိရပါတယ်။

ထို့အပြင် ဧပြီ ၂ ရက်နေ့ကလည်း ကေအိုင်အို ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မြို့ရှိ Mai Ja Yang Institute of Education (MIED) ကျောင်း ဘွဲ့နှင်းသဘင်ကို ပြုလုပ်ခဲ့ပြီး ပညာသင်နှစ် ၂ ခုအတွက် ကျောင်းသား ၅၇၅ ဦးကို ဘွဲ့ပေးအပ်နိုင်ခဲ့ကြောင်း သိရပါတယ်။

Leave a Reply

*