ကေအိုင်အို ထိန်းချုပ်နယ်မြေ၊ မိုင်ဂျာယန်မြို့တွင် ဖွင့်လှစ်ထားတဲ့ မိုင်ဂျာယန်ကောလိပ်ကျောင်းရဲ့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အတန်းကြိုသင်တန်းကျောင်းသားစာရင်း လက်ခံခြင်းကို စတင်နေပြီဖြစ်ကြောင်း သိရပါတယ်။
ကျောင်းအပ်လက်ခံခြင်းကို ဇူလိုင် ၂၄ ရက်နေ့အထိ လက်ခံသွားဖို့ရှိနေကာ ရပ်ဝေးကနေလာရောက်မည့်ကျောင်းသားများလည်း အဆိုပါရက်ထက် နောက်မကျစေပဲ စာရင်းသွင်းရမှာဖြစ်ပါတယ်။
မိုင်ဂျာယန်ကောလိပ် တက်ရောက်မည့် ကျောင်းသားများအနေဖြင့် ဝင်ခွင့်စာမေးပွဲကို ဇူလိုင် ၂၅ ရက်နေ့ကနေ ၂၇ ရက်နေ့ သုံးရက်တိုင် ဖြေဆိုကြရမှာဖြစ်ပြီး ဩဂုတ်လ ၁ ရက်နေ့မှာတော့ စာသင်ကြားခြင်းကို စတင်သွားမှာဖြစ်ပါတယ်။
ကေအိုင်အိုအစိုးရ ပညာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ထားတဲ့ မိုင်ဂျာယန်ကောလိပ်ကို ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် စတင်ခဲ့ပြီး Preparation class , Bachelor of Science in Computer , Bachelor of Science in Environmental Mangement , Bachelor of Arts in Development Studies , Bachelor of Arts in English Studies , Bachelor of Art in Politice စတဲ့ဘာသာရပ်များကို သင်ကြားပို့ချပေးနေတာဖြစ်ကာ ၂၀၂၀ ပညာသင်နှစ်ကစတင်ပြီး Diploma in Journalism Program ကိုလည်း ထည့်သွင်းသင်ကြားပေးတာပါတယ်။